chapter 9

406 70 5
                                    

Chapter 9
June 13, 2024
💮Chapter 9

ဝမ်ချီ ဝါးပလွေအ်ိမ်တော်သို့ ပြန်လာချိန်တွင် တစ်နေ့ခင်းလုံး အလုပ်များနေခဲ့သည့် ယောဖန်းနှင့် ယောထောင်တို့က လက်ခံနိုင်ဖွယ် ရှိသော သစ်သီးကိတ်ကို ပြုလုပ်ပြီးသွားခဲ့လေပြီ။

၎င်းက အနည်းငယ် မသေသပ်သော်လည်း ရှေးခေတ်၌ ခေတ်သစ်ကဲ့သို့ ကိရိယာ အစုံအလင်မရှိရာ ထိုမျှ ပြုလုပ်နိုင်သည်ကပင် လုံလောက်နေပြီဖြစ်၏။

“သခင်လေးဝမ် …

မိန်းကလေး နှစ်ဦး၏ မျက်နှာထက်တွင် ဂျုံမှုန့်များ ရှိနေသည်။ သူတို့က ပျော်ရွှင်စွာဖြင့် ငှက်ကလေးများကဲ့သို့ ဆိုလာကြသည်။

“သခင်လေး ဒါကို မြည်းကြည့်ပါဦး … ”

သူက ကိတ်ကို ကိုက်လိုက်ရင်း ပြောသည်။

“နောက်တစ်ခါ နို့ထဲကို သကြားခဲများများ ထည့်ရမယ် ...”

ယောထောင် မျက်မှောင်ကြုတ်လိုက်၏။

“ဒါပေမယ့် သခင်လေးဝမ်… ဒီကိတ်က ချိုလွန်းနေပါပြီ…”

ဝမ်ချီ ပြောလိုက်၏။

“ထည့်သာ ထည့်လိုက်စမ်းပါ ...”

ထိုအရာကို ကြားသည့်အခါ ယောဖန်းနှင့် ယောထောင်က တစ်ဦးနှင့်တစ်ဦး ကြည့်သာကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

ညစာစားပြီးနောက် ဝမ်ချီ အိပ်ချင်လာ၏။

အကြောင်းရင်းတစ်ချို့ကြောင့် အိမ်ရှေ့စံ၏ စာကြည့်ခန်းအတွင်း နှစ်နာရီကြာ နေထိုင်ရခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ကိတ်မုန့်လုပ်ခြင်းဖြင့် အလုပ်များနေသည်ထက် ပို၍ပင်ပန်းသလို ခံစားရ၏။ သူ မျက်လုံးမှိတ်ပြီး မကြာမီမှာပင် အိပ်မောကျသွားလေသည်။

နောက်တစ်နေ့တွင် …

ကိတ်မုန့်များ ပြုလုပ်ရင်း အလုပ်ရှုပ်ရသည့် နောက်ထပ်တစ်နေ့ဖြစ်၏။

ယမန်နေ့က ဖြစ်ခဲ့သည့် ရှက်ဖွယ်ဖြစ်ရပ်ကြောင့် အိမ်ရှေ့စံ သူ့အား စာကြည့်ခန်းအတွင်း ထပ်မံခေါ်ဆောင်မည် မဟုတ်ဟု ဝမ်ချီ တွေးလိုက်မိသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်Where stories live. Discover now