part3(Z+U)

4K 339 8
                                    

ကိုယ့်နေမယ့်အိမ်ဆိုတော့လည်း ကိုယ့်ဘာသာကိုယ်ပဲ
ရှင်းရပေဦးမယ်...

အိမ်ရဲ့ပြတင်းပေါက်တွေက ကွဲနေတာတချို့ လုံးလုံးမရှိတာတချို့နှင့် ဝေါလ်ရှိ အဟောင်းတွေကလည်း
ကွာကြနေကာ အဝါရောင်ပင်သန်းနေပြီ..နောက်ဆုံးတွင်
ရေချိုးခန်း အိမ်သာ မီးဖိုခန်း တို့ကို သေးသေးလေးသာ
ကန့်ထားတယ် ဒီဘက်မှာတော့ နှစ်ယောက်အိပ်ကုတင်ကြီး
အကာအကွယ်မဲ့စွာ ရှိနေလျက်.....

သူချပေးထားခဲ့တဲ့ အထုပ်ကြီး အထုပ်ငယ် တွေထဲမှာ
ထမင်းစားပန်းကန် နှစ်ချပ်နှင့် အခြားမီးဖိုချောင်သုံး
ပစ္စည်းတွေနှင့် Myeon ဖို့တွက်ချက်ဝယ်လာဖွယ်
ရှိတဲ့ အင်္ကျီ 5စုံလောက်ပါသည်...

အသစ်စက်စက် နာရီကိုထုတ်ကြည့်မိတော့ နေ့လည်
2နာရီ ပင်ထိုးနေပြီး

"ငါအပြင်ခဏသွားဦးမယ် 1နာရီလောက်ကြာမယ်
ပိုက်ဆံခဏ သွားဆွဲမလို့တဲ့"

စိတ်ချမ်းသာဖွယ် စကားကိုမဆိုပဲ ထွက်သွားခဲ့တာ
ခုထိပြန်မရောက်သေး...

ဟိတ်! တံခါးလည်း သော့မခတ်ထားဘူး..
ဘာလုပ်နေတာလဲ..ဘာလဲ..ငါပြန်လာတာကို
နာရီကြည့်ပြီးထိုင်စောင့်နေတာလား...
ဘာမှမသန့်ရှင်းထားတော့ ငါကဘယ်မှာ ထိုင်ရမှာလည်း

ဒီမှာထိုင်လေ...

Myeon ထိုင်နေတဲ့ နေရာကိုဖယ်ပေးရင်း အဝတ်စုတ်ကို
ကောက်ကိုင်က ထရပ်မိတယ်

ဟိတ်! ဘယ်ကဟာကြီးလဲ..သူများဘာတွေသုံးထားမှန်း
မသိပဲ ဘာလို့လျောက်ကိုင်တာလဲ...

အဝတ်စုတ်လေ...ကျွန်မသိပါတယ်...
ခုံတွေကြားထဲကတွေ့တာပါ..နည်းနည်းပါးပါးတော့
သုံးလို့ရပါတယ်....

ရော့ !ယူထားလိုက် ..အောက်ဘက်မှာထမင်းဆိုင်ရှိတယ်
ဘေးနားမှာလည်း mini mark တစ်ခုရှိတယ်
ဗိုက်ဆာရင်.. မင်းအဆင်ပြေ..တာဝယ်စားထားလိုက်..
ငါအပြင်ပြန်သွားရဦးမယ်...

ဘာလဲ??? ရှင်က ကျွန်မ မရှင်းထားလို့ အပြင်ပြန်ထွက်
တာလား..

အဲ့ဒါလည်းပါတယ်...ဒါပေမယ့်..ထွက်စရာလည်းရှိသေးလို့
ဒီတစ်ခါပြန်လာရင်တော့ ကျောခင်းလို့ရရုံ ဖင်ထိုင်လို့ရရုံ
တစ်ခုခုတော့ စီစဉ်ထားလိုက်......

မင်းမကြည့်လို့မသိတာပါWhere stories live. Discover now