Part -(17)U

1.6K 30 2
                                    

ညီက သူ့ကို ပြန်လည်ပွေ့ဖက်လာကာ ဘာမှ တော့ မပြောပေ။ မင်းခန့် ညီ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

ထို့နောက် မင်းခန့်ဘက်က စကားစပြောလာသည်။

"အစ်ကိုတောင်းပန်ပါတယ် ညီ ........ တကယ်တောင်းပန်ပါတယ် ညီရယ် အစ်ကို ညီ့ကို မထိခိုက်စေချင်လို့ အဲ့လိုတွေ ပြောခဲ့တာပါ ...... အစ်ကို အခုတော့ လောဘကြီးရတော့မယ်ထင်တယ် ညီရယ်......"

မင်းခန့် ညီ့ရဲ့ ခေါင်းလေးကို သူ့ရင်ခွင်ထဲသို့ ထည့် ပြီးတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ကာ ညီ့ရဲ့ ခေါင်းလုံးလုံးလေးထက်က ဆံနွယ်လေးတွေကို အနမ်းဖွဖွပေးမိသည်။

ညီက သူ့ရဲ့ ရင်ခွင်ထဲမှာ သူ ပြုလုပ်သမျှ တိုင်းကို မည်သို့ မျှ မတုံ့ ပြန်ပေ။ ခဏ အကြာတော့ ညီ့ရဲ့ ခန္ဓာကိုယ်လေးက တစ်ချက်ချက်တုန်တက်သွားကာ အသံလေးက ရှိုက်သံလေးပါ ထွက်လာခဲ့သည်။

မင်ခန့် ညီ့ကို သူ့ရဲ့ ရင်ခွင့်ထဲကနေ ခွာလိုက်တော့ ညီ့ရဲ့ မျက်ဝန်းစများတွင် မျက်ရည်များကို တွေ့လိုက်ရသည်။

"ဘာလို့ ငိုနေတာလဲ ညီရဲ့ .... မငိုနဲ့နော် ......."

"အင်း"

ညီက  မျက်ရည်တွေ ကို သုတ်လိုက်သည်။

"ညီ......."

"ဟုတ်"

"အစ်ကို့ကို ချစ်လား ညီ ,,,,"

"ချစ်တာပေါ့ အစ်ကိုကသာ ညီ့ကို မချစ်တာ ကျွန်တော်ပြောတာ မှန်တယ်မလား"

"အစ်ကိုက ညီ့ကို မချစ်တာ မဟုတ်ရပါဘူး .... အစ်ကို ရှေ့ဆက်မတိုးရဲတာပါ ညီရယ်..... ဒါပေမယ့် အခု အစ်ကို ရှေ့ ဆက်တိုးတော့မယ်......

ချစ်တယ် . .. ညီ......"

အစ်ကိုက သူ့ကို မြတ်နိုးစွာကြည့်လာပြီး သူ့ရဲ့ နဖူးကို ငြင်သာစွာနမ်းလာလေသည်။ မဟာ့ရဲ့ ရင်ခုန်သံများက အတိုင်းဆမဲ့ ခုန်လာကာ အပြင်သို့ ကြားသွားရမှာ တောင် စိုးလှသည်။

"ညီ....."

မဟာ မော့ကြည့်လိုက်မိသည်။ အစ်ကိုက သူ့ရဲ့ မျက်လုံးများကို စိုက်ကြည့်လာကာ

"ချစ်တာထက် ပိုပြီး မြတ်နိုးရပါတယ် ညီ.........."

မဟာ့ရဲ့ ရင်ထဲမှာ ပျော်ရွှင်လာရသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now