Part -(21)U

1.4K 42 4
                                    

နေ့လည် ရောက်ခါနီးလောက်မှ  မင်းခန့်ရဲ့ အခန်းထဲကနေ မဟာက ထွက်လာခဲ့ သည်။ ထမင်းစားခန်းကို ရောက်တော့ အိမ်တော်ထိန်းက သူ့အတွက် ထမင်းပြင်ပေးထားတာကို တွေ့လိုက်ရသည်။ အိမ်တော်ထိန်းက သူ့ကို ခဏမျှသာ ကြည့်ပြီး ဘာမှတော့ မပြောပေ။ မဟာ ဒီနေ့ အိမ်တော်ထိန်းကို ကြည့်ရတာ နည်းနည်းတော့ မျက်နှာ မကောင်းတဲ့ ပုံစံပေါက်နေသည်။ မဟာ လည်း စိတ်ထဲ သိပ်မထားတော့ဘဲ ထမင်းဝိုင်းမှာ ထိုင်ပြီးသာ ထမင်းစားနေလိုက်တော့သည်။

မဟာထမင်းစားနေတဲ့ အချိန် အစ်ကို့ကို  သတိရသွားသည်။ အစ်ကို့က ခုန ကိုယ်တွေ နည်းနည်း ပူနေတာကို သတိထားမိသွားသည်။ ဒါကြောင့် မဟာ အိမ်တော်ထိန်းကို ကြည့်လိုက်သည်။

"ဦးလေး "

"ဟုတ်ကဲ့ပါ သခင်လေး "

"ကျွန်တော့်ကို ကြက်သားဆန်ပြုတ်လေး တစ်ခွက်လောက် ချက်ပေးပါလား "

"သခင်လေး သောက်ချင်လို့လား "

"မဟုတ်ပါဘူး

အစ်ကို က ကိုယ်နည်းနည်း ပူနေလို့ ဆန်ပြုတ်လေး တိုက်ပြီး ရင် ဆေး တိုက်ရအောင် လို့ပါ "

"ဟုတ်ကဲ့ပါ သခင်လေး ဒါဆို  ပြုတ်ခိုင်းလိုက်ပါ့မယ် "

"ဟုတ်ကဲ့ ကျေးဇူးပါ ဦးလေး "

မဟာ နေ့လည်စာကို စားပြီးတဲ့ အခါမှာ အိမ်တော်ထိန်းက လည်း ချက်ပြုတ်လို့ ပြီးပြီ ဖြစ်သည်။

"မြန်လိုက်တာ ... ချက်ပေးတာ ကျေးဇူးပါနော် ဦးလေး "

"ရပါတယ် သခင်လေး ဒါက ဦးလေး အလုပ်ဘဲ လေ ...."

အိမ်တော်ထိန်းက ဆေးတစ်ကဒ်ကို သူ့ရှေ့ ထိုးပေးလာသည်။

"ဒါက ပါရာစီတမော ပါ သခင်လေး ဆန်ပြုတ်တိုက်ပြီးရင် ဆေးတိုက်လိုက်လို့ ရတယ် "

"ဟုတ်ကဲ့ပါ ဦးလေး "

မဟာလည်း ဆန်ပြုတ်ပန်းကန်ကို သယ်ကာ အခန်းထဲ ဝင်မယ်လုပ်တော့ အိမ်တော်ထိန်းက တားလာသည်။

"ရတယ် သခင်လေး  ဦးလေးသွားပို့ပေးလိုက်မယ် "

"အာ..... မဟုတ်တာာ ..... "

ချစ်ခြင်း သစ္စာ (Complete)Where stories live. Discover now