Part -(40)Z

205 3 0
                                    

Warning ⚠️ ပိစိ

မင်းခန့် သောက်ပြီး မကြာပါ သူ့ရဲ့ ခန္ဓာကိုယ်က တစ်ခုခု မှားယွင်းနေပြီမှန်း သတိထားမိသွားသည်။

စားပွဲခုံပေါ်တက်ထိုင်ကာ ဝိုင်ခွက်ကို ကိုင်ထားတဲ့ ကောင်လေးကို မင်းခန့် ကြည့်လိုက်သည်။ သူကြည့်တာကို မြင်တော့ကောင်လေးက သူ့ကို ပြန်ကြည့်လာပြီး နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ အောင်နိုင်သူ အပြုံးနှင့် လိုချင်တာ ရသွားတဲ့ လူတစ်ယောက်လို ပြုံးပြလာခဲ့သည်။

မင်းခန့် အံကို တင်းတင်းကြိတ်ကာ ထိုင်နေရာကနေ ထကာ သူ့ရဲ့ အခန်းရှိရာဆီကို တစ်ရွေ့ရွေ့နဲ့ သွားနေလိုက်သည်။ အံကို ကြိတ်ရလွန်းလို့ မေးရိုး‌တွေဆိုရင် ထောင်နေကာ မျက်နှာ မှာ အထင်းသားပေါ်လွင်နေသည်။ သီဟကတော့ထိုမြင်ကွင်းကို အရသာခံပြီး ကြည့်နေလိုက်သည်။

ပေါ်ထပ်ကို တက်ရမယ့် လှေကား အနားကို ရောက်တာ့ လက်ရန်းကို ကိုင်ကာ တစ်လှမ်းချင်းအားပြုပြီး သွားနေရသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အပူမီးတွေက ပိုပိုပြီး ပူလောင်လာပြီး ပြင်းထန်နေတဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်ကာ အပေါ်သို့ရှိသူ့ရဲ့ အခန်းရှိရာသို့ တက်သွားလိုက်သည်။ မင်းခန့် သူ့ရဲ့ အခန်းတံခါးကို ဖွင့်လိုက်ကာ အထဲသို့ ဝင်ပြီးသည်နှင့်လော့ချလိုက်သည် ထို့နောက်ရေချိုးခန်းသို့ ဝင်လိုက်ပြီး ရေပန်းကို ဖွင့်ချလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စိုရွှဲစေလိုက်သည်။ ခန္ဓာကိုယ်ရှိ အပူမီးများ ငြိမ်းလိုစေချင်သောကြောင့်ပေ။

မင်းခန့် အိင်္ကျီတွေကိုတောင် မချွတ်နိုင်တော့‌။ ရေပန်းအောက်၌ မတ်တပ်တောင် မရပ်နိုင်တော့ဘဲ ခြေထောက်များက ခွေယိုင်ကျသွားတော့သည်။  နံရံကို အားပြုကာ  မှီတွယ်နေရတော့သည်။ ကောင်လေးက သူ့ကို အခုလိုမျိုး ဆေးခပ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့‌ပေ။

သူ့ဘက်ကလည်းကောင်လေးရဲ့ အပေါ်မှာ ယုံကြည်နေမိတာလည်း ပါတာနေမှာပေါ့ ။ နံရံကို မှီပြီးမျက်လုံးများကို မှိတ်ထားကာ နာကျင်မှုကို အံတုသည်။

ချစ်ခြင်း သစ္စာ (Complete)Where stories live. Discover now