အပိုင်း(၄)

2.4K 54 9
                                    

သီရိတစ်ယောက်မမနွယ်အားသေချာစမ်းသပ်ဆေးထည့်ပေးပြီးနောက်အပြင်သို့ထွက်လာလိုက်သည်။

ဂျလောက် ~~~~~~

" မူယာ နင်ဘာတွေလျှောက်လုပ်နေတာလဲ အခန့်မသင့်ရင်သေသွားနိုင်တယ်နော်။တစ်ကိုယ်လုံးလဲယောင်ကိုင်းပြီးတော့ရစရာမရှိဘူး။သေတဲ့သူကလည်းသေသွားပြီ။မမနွယ်အဖေလည်းသူနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံနေရပြီ။နင်တို့ဘာလို့မဆိုင်တဲ့သူကိုနှိပ်စက်နေတာလဲမူယာရယ်။နင်သူ့ကိုချစ်တယ်ဆိုပြီးအဲ့လောက်ထိလုပ်မှဖြစ်မှာလား ဟမ် ဖြေစမ်းပါ ပါးစပ်ကြီးကပိတ်မနေနဲ့လေ။မူယာစံနင်နောက်မှနောင်တမရနဲ့နော်။ငါဒါပဲပြောမယ် "

" တော်ပါတော့သီရိရယ်ဒီလိုမှန်းသိရင်ငါတခြားဆရာဝန်ခေါ်ပါတယ်။နွယ့်ကိုသူစိမ်းထိမှာမကြိုက်လို့သာနင့်ကိုခေါ်လိုက်တာ နားလာညီးနေတယ်။ငါ့အဖေတစ်ယောက်လုံးသေသွားတာကိုငါကဒီတိုင်းလွှတ်ပေးလိုက်ရမှာလား ဟက် မူယာစံဘဝမှာခွင့်လွှတ်ပေးလိုက်တယ်ဆိုတာမရှိဘူးသီရိ။ချစ်ပေမယ့်သူ့ကိုမြင်တိုင်းငါ့အဖေသေသွားရတာကိုပြန်တွေးမိလို့ငါ့တစ်ကိုယ်လုံးကသွေးတွေပွက်ပွက်ဆူလာသလိုပဲ မူယာစံ့ဘဝမှာနောင်တရတယ်ဆိုတာမရှိဘူး သီရိ "

" ဒါနဲ့ မမကျော့ရော မတွေ့မိပါလား "

" နောက်ဆုံးတော့ဒီဘူတာပဲလာဆိုက်တာပဲ မရှိဘူး မနက်ဖြန်မှပြန်ရောက်မှာ မသိရင်ခက်မယ် "

" ဟီးဟီး ယောင်းမလေးကလဲ "

" ကြီးတော်ကိုယောင်းမလား ငါမသတ်ခင်လစ်လိုက်တော့ "

သီရိပြန်သွားတော့မူယာအခန်းထဲပြန်ဝင်လာလိုက်သည်။ကုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောနွယ့်အားကြည့်ကာဂရုဏာသက်မိသည်။ပါးများမှာယောင်ကိုင်းနေလေသည်။မူယာနွယ့်ပါးလေးအားအသာနမ်းကာအောက်သို့ဆင်းလာလိုက်လေသည်။အိမ်ဖော်မလေးများကိုလဲသေချာမှာလေသည်။နွယ်နိုးလာလျှင်ကြက်ပေါင်းစွပ်ပြုတ်လေးဝင်အောင်တိုက်ဖို့၊ဆေးတိုက်ဖို့ သေချာမှာထားပြီးဘားသို့ထွက်ခဲ့လေသည်။

At Morning ~~~~~~~~~~

နွယ်တစ်ယောက်အရင်ရက်ကထက်စာရင်နေလို့ကောင်းလာသောကြောင့်အခန်းထဲတွငိမောင့်အဝတ်အစားများအားမီးပူထိုးနေသည်။ထို့အချိန်တွင်တံခါးဖွင့်သံနှင့်အတူအခန်းထဲရောက်လာသည်မှာမောင့်အမဖြစ်ပေသည်။နွယ်နည်းနည်းတော့လန့်နေမိသည်။

ဝဋ်ကြွေး🔞💢Where stories live. Discover now