အပိုင်း(၈)

3.4K 76 2
                                    

ဗြိ ဗြိ‌ ဗြိ ~~~~~~~

ဆုတ်ပြဲသွားသောအင်္ကျီကြောင့်နွယ့်အပေါ်ပိုင်းဟာလစ်ဟာသွားတော့သည်။ထို့နောက်ရင်ဘတ်ပေါ်သို့ရောက်လာသောလက်များ၊အော်ဟစ်နေသော်လည်းနွယ့်အားကယ်မယ်သူမရှိမောဟိုက်လာခဲ့သည်။ထို့နောက်နွယ့်ကမ္ဘာကြီးသည်အမှောင်ကျသွားတော့သည်။

ဟင်းးကျွတ်ကျွတ်ကျွတ် နွယ်နိုးလာတော့အခန်းထဲတွင်ဘယ်သူမှမရှိတော့ပေ။အောက်ကိုငုံ့ကြည့်လိုက်တော့ကိုယ်ပေါ်တွင်အဝတ်အစားမရှိစောင်အပါးလေးတစ်ထည်သာလွှမ်းခြုံထားသည်။ရင်ဘတ်ထဲတွင်တဆစ်ဆစ်နာကျင်မှုနှင့်အတူလှိုက်တက်လာသောဝမ်းနည်းမှုနှင့်အတူရှုံးပွဲချထိုင်ငိုမိတော့သည်။

" မောင်သိရင်ငါ့ကိုရွံသွားမှာလား၊မုန်းသွားမှာလား၊ငါထိုင်ငိုနေလို့မဖြစ်ဘူး၊ဟုတ်တယ်ဆေးရမယ်သူတို့ထိထားတဲ့ဒိီခန္ဓာကိုယ်ကြီးကိုဆေးရမယ် "

ဟုဆိုကာရေချိူးခန်းထဲသို့ဝင်ကာရေပန်းကိုဖွင့်ချ၍တစ်ကိုယ်လုံးအားဆပ်ပြာဖြင့်တိုက်နေတော့သည်။

" ဂျလောက် "

‌မူယာအခန်းထဲပြန်ဝင်လာတော့ကုတင်ပေါ်တွင်နွယ့်မရှိတော့ပေ။အခန်းထဲဝေ့ပတ်ကြည့်တော့ရေချိုးခန်းထဲမှရေကျသံများကိုကြားရသည်။တံခါးဆွဲဖွင့်လိုက်တော့မြင်ရတဲ့မြင်ကွင်းမှာသူ့ကိုယ်သူဆပ်ပြာဖြင့်ပွတ်တိုက်နေသောနွယ်။ဘယ်လောက်တောင်ပွတ်ထားသည်လဲမသိဖြူဖွေးနေသောအသားအရည်လေးမှာအနီရောင်သို့ပင်သန်းနေပြီဖြစ်သည်။

" နွယ် ဘာလုပ်နေတာလဲ နွယ် နွယ် "

" ဟင့် ဖယ် လွှတ် ဟင့် မထိနဲ့ နွယ့်ကိုမထိနဲ့ နွယ်ကမသန့်ဘူး ဟင့် ဟင့် အကုန်ပြောင်အောင်ဆေးပစ်မှာ အဟင့် "

မူယာတားသော်လည်းမရရှ်ိုက်ကြီးတငင်ငိုနေသောအကောင်ပေါက်လေးအားလက်မှဖမ်းချုပ်ကာရင်ခွင်ထဲထည့်ထားလိုက်တော့သည်။

Time skip ~~~~~~~~~

ကျောလည်ထိရှည်သောဆံနွယ်လေးများအားမူယာတယုတယသုတ်ပေးနေသော်လည်းမူယာ့အောက်မှအကောင်ပေါက်လေးမှာတရှုံ့ရှုံ့ဖြင့်အခုထိအငိုမတိတ်သေးပေ။နွယ့်ဘေးတွင်ဝင်ထိုင်လိုက်ကာအကုန်လုံးကိုပြောပြလိုက်တော့သည်။

ဝဋ်ကြွေး🔞💢Where stories live. Discover now