အပိုင်း(၅)

2.5K 62 6
                                    

အားးးကျွတ်ကျွတ်ကျွတ်....

နွယ်နိုးလာတော့တစ်ကိုယ်လုံးကိုက်ခဲနေလေသည်။ထဖို့ကြံလိုက်တော့ဘေးတွင်အိပ်ပျော်နေသောမောင်။မောင့်ကိုကြည့်‌ရတာအိပ်ရေးပျက်‌နေသည်ထင်ရဲ့နှစ်ခြိုက်စွာအိပ်ပျော်နေ၍နွယ်မနှိုးရက်။မောင့်မျက်နှာနားကျနေသည့်ဆံစလေးများကိုသပ်တင်ပေးမိသည်။နွယ့်အားဒီလောက်နှိပ်စက်နေတာတောင်မှမောင့်အားနွယ်မမုန်းရက်ပေ။ဆံပင်သပ်တင်ပေးရင်းဖြောင့်စင်းနေသောနှာတံလေးအားအသာတို့မိသည်။နှာတံလေးမှတစ်ဆင့်နှုတ်ခမ်းလေးအားလက်ချောင်းလေးများဖြင့်အသာတို့ထိမိသည်။ထိုအချိန်တွင်မောင်နိုးလာ၍နွယ်လန့်ကာလက်ကိုအမြန်ရုတ်တ်သိမ်းမိလေသည်။

" ဟင် နိုးလာပြီလား သက်သာရဲ့လား မှန်းစမ်း "

ဟုဆိုကားနွယ့်နှဖူးအားလာစမ်းသောလက်ဖဝါးလေး။နွယ်ရုတ်တရက်ကြောက်ရုပ်သဖွယ်ဖြစ်နေမိသည်။ဟုတ်ရဲ့ မောင်ကဒီနေ့မှအရင်နေ့တွေနှင့်မတူနွယ့်အားကြည့်သောအကြည့်မှာစိုးရိမ်စိတ်လေးများကိုတွေ့ရသောကြောင့်နွယ်ပျော်မိသလိုရင်ခုန်သံများမှာလည်းကျယ်လောင်‌လာသောကြောင့်ခြေဖျားလက်ဖျားများအေးစက်တာစကားများမှာလည်းအထစ်ထစ်အငေါ့ငေါ့ပင်။

" သက် သက်သာပါတယ်မောင် "

သက်သာတယ်သာပြောတယ်၊လက်ဖျားတွေကလည်းအေးစက်လို့။တကယ်သက်သာတာရောဟုတ်ရဲ့နွယ်။

ဘုရားရေသစ်ခက်နွယ်စိတ်ထိန်းစမ်း။မောင်ကငါ့ကိုနွယ်လို့ခေါ်လိုက်တာလား။ရှင့်ကြောင့်ရင်ခုန်လွန်းပြီးတော့လက်ဖျားတွေအေးစက်နေတာမောင်ရယ်လို့ပြောချင်လိုက်တာ။သို့ပေမယ့်ထိုစကားသည်နွယ့်စိတ်ထဲတွင်သာ။

" ခနနော်ကျမပြန်လာခဲ့မယ် "

မောင်ပြန်လာတော့လက်ထဲတွင်ရေဇလုံဖြင့်...နွယ်ကြောင်တောင်တောင်လေးဖြစ်သွားရသည်။မဟုတ်မှလွဲရောမောင်ကသူမကို...ထိုအတွေးကိုရပ်ကာမဟုတ်လောက်ပါဘူးဟုတွေးနေတုန်းရှိသေး....

" ချွတ်မယ်နော် ရေပတ်တိုက်ပေးမလို့ "

" ဟို ဟို နွယ့်ဘာသာ..."

ဝဋ်ကြွေး🔞💢Where stories live. Discover now