Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၉💟
အိမ်စည် စကားအဆုံးတွင် သူ့ ခန္ဓာကိုယ်တစ်ခုလုံးအေးစက်တောင့်တင်းသွားရလေသည်။
ဘာတွေဖြစ်ကုန်တာလဲ ၁၅ နှစ်လုံးလုံး အမေဟု ထင်မှတ်ခဲ့သူက သူ့ အမေ မဟုတ်ဘူးတဲ့။ ဒါ ဒါကို အဖေရော သိသွားခဲ့လေသလား။ ဖခင်၏ သေဆုံးမှုကရော သွေးရိုးသားရိုး ဖြစ်နိုင်ပါမလား။ အရာရာအားလုံးကို လှည့်စားခံလိုက်ရသော ခံစားချက်ကြီးက ဘာနဲ့မှ နှိုင်းယှဥ်ပြ၍ မရနိုင်လောက်အောင်ပင် နှလုံးသားကို မီးတောက်များစွာတောက်လောင်ခဲ့ရပြန်ပါသည်။"ဘာ ဘာလို့ အခုလို လုပ်ခဲ့ရတာလဲ၊ အမေ အမေ မသေရဘူးလေ၊ ငါ့ ငါ့ အမေကို အရမ်းချစ်တာ အိမ်စည်ရဲ့၊ အမေ အမေ မသေရဘူးလေဟာ"
ခန္ဓာကိုယ်က ခြေထောက်ခိုင်အောင် မရပ်နိုင်တော့သလို ခုံပေါ် အရုပ်ကြိုးပြတ် ပြိုလဲကျသွားရလေသည်။
"ကိုကို"
အိမ်စည် အရူးတစ်ယောက်လို ရေရွတ်နေသော ကိုကို့ကို ဘယ်လိုနှစ်သိမ့်ရမည် မသိနိုင်လောက်အောင်ပင်။ ကိုကို ခံစားရမှာစိုး၍ သူမ အသိမပေးခဲ့ခြင်းပေ။ သူမ ပင် စသိသိချင်းမှာ အရူးတစ်ယောက်လို ဖြစ်ခဲ့ရလေသည်။ ကိုကို ခံစားရမည်က ပိုဆိုးမည့်ကို သူမ ကောင်းကောင်းနားလည်လေသည်။
"အိမ်စည် ငါ့ကို ပြောလေဟာ၊ အမေ မသေဘူး လို့ ငါ့ကို ပြောလေဟာ ၊ ငါ့ အမေ မသေဘူး မဟုတ်လား အိမ်စည်၊ မသေဘူးလို့ ပြောပါဟာ ၊ ငါ့တောင်းပန်ပါတယ်"
အရူးတစ်ယောက်လို ရေရွတ်နေသော အစ်ကိုဖြစ်သူ၏ စကားတွေကို ကြားပြီး အိမ်စည်လည်း နာကျင်နေရလေပြီ။
"ကိုကိုရယ်"
သူမ နှုတ်ဖျားက ထွက်ကျလာသည့် ခေါ်သံတစ်ခုက မချိတင်ကဲ ရေရွတ်လိုက်မိသည့် အထိပင်။
🥀🥀🥀"ဟယ် သားပြန်လာပြီလား"
ဒေါ်ထားထားခင် သျှားကို ကြည့်ကာ တအံ့တသြမေးလိုက်သောကြောင့် သျှား နှုတ်ခမ်းတစ်စုံအား မသိမသာ မဲ့လိုက်ပြီး
"ဘာဖြစ်ရမှာလဲ ၊ အစ်မ မေမိုး နဲ့ ပြန်ပေါင်းထုတ်ဖို့ အမေကို အကြောင်းလာကြားတာ"