Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၁၇💟
"ဒီမှာတော့ ရှိတာပဲ စားရမှာနော်"
ပြောချင်ရာပြောပြီ သူ့ အရှေ့ချလာပေးသည့် ထမင်းပန်းကန် နှင့် ဟင်းပန်းကန်ကို ကြည့်ပြီး သူ့ ယောကျာ်းတန်မဲ့ အံ့ကြိတ်ငိုမိလေသည်။ ဘာလို့များ ဘာလို့များ သူမ အနားမှာ ရှိစဥ်က သူ တန်ဖိုးမထားခဲ့မိသမျှ သူ့ နောင်တရ၍ မဆုံးခဲ့ပေ။
"ဟဲ့ နင်က ဘာလို့ ငိုနေရတာလဲ၊ နင့်ကိုလဲ ဘယ်သူမှ ဘာမှမလုပ်ဘူးနော် သျှားညို"
သူမ အသံကြားမှ သူ့ မျက်ရည်တွေက ပိုကျလာရလေသည်။
"ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် တကယ်မကောင်းခဲ့တဲ့ ကောင်ပါ၊ ကျွန်တော် ကျွန်တော်လေ ၊ ခင်ဗျားနဲ့ သားကို အကြာကြီး ပစ်ထားခဲ့မိတယ်၊ ကျွန်တော် အတ္တတွေကြောင့် သားကလည်း အရွယ်နဲ့ မမျှအောင် နာကျင်ခဲ့ရမှာ၊ အစ်မ အစ်မလည်း ကျွန်တော်ကြောင့် အရမ်းနာကျင်ခဲ့ရမှာ၊ တောင်းပန်ပါတယ် ၊ ကျွန်တော် တောင်းပန်ပါတယ်ဗျာ"
နှပ်ရည်တွေ ထွက်သည့်အထိ ရှိုက်ငိုနေသူက ကလေးငယ် တစ်ယောက်လိုပင်။ နဂိုကတည်းက မမောကျောနိုင်သည့် မေမိုး စိတ်တွေက အရည်ပျော်ကျလုဆဲဆဲပင်။
"တော်ပါတော့ သျှားရယ်၊ ကလေးလဲ မဟုတ်ဘဲ ငိုနေသေးတယ်၊ ထမင်းစားတော့၊ ပြီးရင် သားနဲ့ သွားအိပ်၊ မနက်မှ ပြန်"
ရီဝေနေသော မျက်ဝန်းတွေဖြင့် သျှား သူမကို ငေးကြည့်ပြီး
"ကျေးဇူးတင်ပါတယ်နော်"
"ရပါတယ် မလိုပါဘူး"
ထိုယောကျာ်းပေါ့။ သူမ အပေါ် နာကျင်မှုတွေ ပေးခဲ့သည့် ယောကျာ်း။ သူမ ချစ်ခဲ့ရပါသော်ယောကျာ်း။ အင်း အခုအချိန်တော့ သူမ နှင့် မသတ်ဆိုင်တော့သော လူတစ်ယောက်သဖွယ်။
💟💟💟"အမေ ဟိုမှာပန်းရောင်းနေတဲ့ အဖွားကို တွေ့လား"
သားရဲ့ ဖြူစင်သော စိတ်ကလေးက ဆင်းရဲနွမ်းပါးသူတွေကို ကူညီတတ်သည့် စိတ်ကလေးပင်။ သားက အမြဲဂျစ်ကန်ကန်နိုင်တတ်သော်လည်း သူ၏ ပင်ကိုယ်စိတ်ကလေးက အလွန်နူးညံ့နေလေသည်။