{9}

375 76 14
                                    

( 151 မေမေက ဝန်းနူကိုစိတ်ဆိုးနေတာလား)

ဖုန်းကိုကျစ် နေအောင်ဆုပ်ထားပြီး ဒေါသတအားထွက်နေတဲ့ ဟန်ဆိုလ်းရဲ့ အင်္ကျီစတွေကို ဆွဲပြီးမေးလာသည်။

"မဟုတ်ဘူး အဲ့စကားတွေကို မင်းနားလည်စရာမလိုဘူး "

(151 က ဝန်းနူဆီ မလာသေးဘူး ဒီနေ့)

" မင်ဂယူက မလာနိုင်လောက်တော့ဘူး အဲ့တာကြောင့်မလို့ ငါနဲ့အတူ ဆေးခန်းသွားရအောင် "

" No "

မင်ဂယူက ဘယ်လောက်အလိုလိုက်ပြီး ဂရုစိုက်လည်းမသိဘူး ဒီကလေးက မင်ဂယူမရှိရင်ကို မနေတတ်တော့တာ။

" နေမကောင်းရင် မင်ဂယူနဲ့မတွေ့နိုင်ဘဲ နေမယ်လေ မင်ဂယူလာတဲ့ နေ့ကြရင် ဝန်းနူက မတွေ့နိုင် ရင် ဘယ်လိုလုပ်မလဲ "

(151 က ဝန်းနူဆီ ဘယ်တော့လာမှာလည်း )

" သူ့အမေ ပတ်သက်ခိုင်းတဲ့နေ့ကြရင်ပေါ့ကွာ "

(151 အမေက ဝန်းနူနဲ့ ပတ်သက်ခိုင်းအောင် ဝန်းနူ ဘယ်လိုလုပ်ရမလဲ )

" မင်းနဲ့ သူ့မေမေနဲ့မှ မတွေ့ဖူးတာ တွေ့ဖူးအောင်အရင်လုပ်ဦး အဲ့တာတွေထား အရင်ဆုံး ဆေးခန်းသွားရအောင်နော် ဒါမှတွေ့လို့ရမှာ လိမ္မာတယ်မဟုတ်လား "

ခေါင်းငြိမ့်လာတဲ့ကလေးကို သူကလက်ကနေဆွဲပြီး ဆေးခန်းကိုခေါ်ခဲ့သည်။
ဘယ်ကိုမှ အဝေးကြီးမသွားတော့ဘဲ ဂင်ချန်ယောင်းရဲ့ ဆေးခန်းကိုသာ ခေါ်ခဲ့လိုက်သည်။

ဖုန်းအဆက်အသွယ်ပါ မရ တဲ့ မင်ဂယူကြောင့် ၃ယောက်သားတကယ်ကို စိတ်ပူနေရသည်။
စိတ်လက်တစ်ဆစ်နဲ့ ဒီကောင်လေး တစ်ခုခု လုပ်မှဖြင့်

(151 က ဝန်းနူဆီ တစ်သက်လုံး မလာတော့ဘူးလားဟင် )

မျက်နှာလေးညိုးနေတဲ့ ကလေးက တအားလွမ်းနေတာ သိသာသည်။
အလွမ်းဆိုတဲ့အရာကို မခံစားဖူးလို့နဲ့တူတယ် ဒီကောင်လေး မနေတတ်နေတဲ့ပုံများ။

" မဟုတ်တာ လာမှာပေါ့ "

(ဝန်းနူ မေမေ့ကို မပတ်သက်ခိုင်းတာ ဘာလဲဆိုတာမေးလိုက်တယ်
မပတ်သက်နဲ့ဆိုတာ စကားမပြောမခေါ်ခိုင်းတာတဲ့ မေမေက ပြောတယ် ခေါ်စေချင်ရင် သူခေါ်လာအောင် လုပ်ရမယ်တဲ့ 151 မေမေက ဝန်းနူကို ဘာလို့မခေါ်ခိုင်းတာလဲ ဝန်းနူ နားမကြားလို့လား )

사랑의 상징Where stories live. Discover now