{13}

86 37 19
                                    

သူမသိတဲ့ကြောက်စရာကောင်းတဲ့နေရာကြီးကို ရောက်တာ ဒီနေ့ဆို ၅ ရက်ရှိပြီ။
အစ်ကိုလှလှတွေပြောတာတော့ ဒီနေ့ထွက်ပြေးကြမှာတဲ့ သူရောထွက်ပြေးရမှာတဲ့။
ဒါပေမယ့် 151 က သူ့ကို လာရှာရင် ဘယ်လိုလုပ်မလဲ
ဒီမှာသူ့ကို ရှာလို့မတွေ့ရင် စိတ်ပူနေလိမ့်မယ်။
ပြီးတော့ကြောက်စရာကောင်းတဲ့နေရာမှာ 151 ကိုပါ ထပ်ဖမ်းထားရင်ဘယ်လိုလုပ်မလဲ။

" ဂျီဟွန်းရေ... ငါဒီနေ့ကြော်မှာက ညှော်မှာမလို့ တံခါးတွေဖွင့်ထားလို့ရမလား သွားမေးပေးပါလား "

ဂျောင်ဟန်မျက်နှာအရိပ်အကဲကိုကြည့်ပြီး ဂျီဟွန်းက ဟိုလူတွေစုတဲ့နေရာကို ဝင်ခဲ့လိုက်သည်။

" ဦးလေးတို့ ... ဒီနေ့ချက်ပေးရမယ့်ဟင်းက ညှော်မယ့်အရာတွေပါတာမလို့ တံခါးဖွင့်ပေးလို့ရမလား ပြီးတော့ဦးလေးကလည်းထိခိုက်ထားတာ ဆိုတော့ အနာ ရင်းလိမ့်မယ် "

" ဟေ့ကောင် သွားဖွင့်ပေးလိုက် ပြီးတော့ မင်းစောင့်နေလိုက် "

သူတို့ထဲကလူတစ်ယောက်က ဂျီဟွန်းနောက်ကိုလိုက်လာသည်။
ဂျောင်ဟန်ကတော့ သူ့အလုပ်သူလုပ်နေပြီး
ဝန်းနူက ဒီအတိုင်းထိုင်နေသည်။

" မင်းက ဒီမှာ ဘာထိုင်လုပ်နေတာလဲ "

" သူနေမကောင်းလို့ ဦးလေး "

" နေမကောင်းလည်း အိမ်ကို သန့်ရှင်းရေးတော့ နည်းနည်းလုပ်ရမယ်မဟုတ်လား "

ဂျီဟွန်း သူတို့လူတစ်ယောက်ကိုခေါ်သွားတာကိုမြင်တဲ့ ဂျောင်ဟန်က
နောက်ကနေအသာလေးထွက်ကာ ဟိုလူနှစ်ယောက်ရှိနေတဲ့အခန်းကို အပြင်ကနေ အသာလေး ဂျက်ထိုးလိုက်သည်။

ဓာတ်ဆီခွဲထည့်ထားတဲ့ရေသန့်ဗူးလေးအား ယူကာ နေရာအနှံ့အားအနည်းငယ်ဖျန်းထားလိုက်သည်။
စတိုခန်းထဲက ပြတင်းပေါက်ကို ဖွင့်ထားလိုက်ပြီးနောက် နံပါတ်၃ တံခါးကလွဲ ကျန်တဲ့အပေါက်တွေကိုအကုန်ပိတ်လိုက်သည်။

" မင်းတို့ ဓာတ်ဆီနံ့မရဘူးလား  "

" ရတယ်ဦးလေး အပြင်ဘက်ဆီတွေယိုနေလားမသိဘူး "

" အင်း ငါသွားကြည့်လိုက်ဦးမယ် "

ဝန်းနူတို့အခန်းကနေပြန်ထွက်သွားတဲ့လူကိုမြင်တော့ ဂျောင်ဟန်က မီးရှို့ခြင်းအလုပ်ကိုစတင်လိုက်သည်။
တဖြေးဖြေးလောင်လာတဲ့မီးကြောင့် တံခါးပိတ်ခံထားရတဲ့ ၂ယောက်က တံခါးကို အသားကုန်ထုလာသည်။
တံခါးထုသံကိုကြားတဲ့လူကအခန်းဘက်ကို အမြန်ပြေးသွားတော့ ဂျီဟွန်းက ဝန်းနူလက်ကိုဆွဲကာ အပြင်ကိုထွက်ခဲ့သည်။
ပြေးထွက်ရင်းနောက်မှာ ဝန်းနူ ကကျန်ခဲ့တာကြောင့် ဂျီဟွန်းက ပြန်လှည့်ရသည်။

You've reached the end of published parts.

⏰ Last updated: 8 hours ago ⏰

Add this story to your Library to get notified about new parts!

사랑의 상징Where stories live. Discover now