နှင်းဆီပုံပြင် (၂)

11.2K 989 25
                                    

ဂျူယောင်းပြောလိုက်သော စကားကိုကြားလိုက်သည့်တစ်ခဏ ကျွန်မအံ့အားသင့်ခြင်းများစွာနှင့် နေရာတွင် ကျောက်ရုပ်တစ်ရုပ်တစ်လို ရပ်နေခဲ့မိသည်။ ယောက်ျားလေးတစ်ယောက်ရှေ့တွင် ရူးကြောင်မူးကြောင်လုပ်မိခြင်း တစ်ခုတည်းနှင့်ပင် အတော်ရှက်ဖို့ကောင်းနေပြီဖြစ်၏။ သို့သော် ထိုလူက ရိုးရိုးလူပင်မဟုတ်ဘဲ Idol ဆိုပါလား။ ဗုဒ္ဓေါရေ...ဘုရားသူကြားကယ်ပါ။ တကယ်တမ်းတော့ ဂျူယောင်းပြောလိုက်သည့်နောက်ဆုံးစကား၏ နင်သိမလားမသိဘူး... EXO ရဲ့... ဆိုသည့်အထိသာ ကျွန်မကြားလိုက်ပြီး တစ်ကိုယ်လုံးထူပူလာခဲ့ခြင်းဖြစ်သည်။ EXO ဆိုပါ့လား။ ရန်ကုန်တွင်သုံးနှစ်ကျော်ကျော် လေးနှစ်နီးပါး ကိုးရီးယားစကားကို တစိုက်မတ်မတ်သင်လာသော... ဖုန်းထဲတွင် မြန်မာသီချင်းထက် ကိုးရီးယားသီချင်းများက နေရာများစွာကို ယူထားသော ကျွန်မလည်း EXO ဆိုသည်ကို မသိတော့ရှိပါ့မလား။ သို့သော် နိုင်ငံတကာတွင် ပရိသတ်ပေါင်းများစွာ ရရှိထားသော အင်မတန့် အင်မတန်နာမည်ကြီးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်မှန်း၊ အဖွဲ့သားများ မရေမတွက်နိုင်အောင် များပြားသော အဖွဲ့တစ်ဖွဲ့မှန်း သိရုံသာဖြစ်သည်။ အဲဒီထက်မပိုခဲ့ပါ။

သီချင်းနားထောင်ရသည်ထက် ရုပ်ရှင်ကြည့်ရသည်ကို ပို၍ကြိုက်နှစ်သက်သောကျွန်မ ကိုးရီးယားဂီတလောက၏ များပြားလှသော အဖွဲ့များနှင့်မရင်းနှီးခဲ့ပါ။ သို့သော် ထိုသို့သော ကျွန်မပင် EXO လောက်ကိုတော့ သိနေခဲ့ပါသည်။ ကိုးရီးယားသို့ Scholarship Program တစ်ခုတည်းနှင့် တူတူရောက်လာခဲ့သော မန္တလေးမှကောင်မလေးသည်လည်း EXO မှ EXO ပင်ဖြစ်သည်။ ဘာလို့အဲဒီလောက်တောင် အသည်းအသန်ပါလိမ့်ဟု ကျွန်မတစ်ခါတစ်ရံတွေးမိခဲ့ဖူးသည်။ အခုတော့ ကျွန်မကောင်းကောင်း နားလည်သဘောပေါက်လိုက်မိပါပြီ။ ဘယ်နှယ့်... လူတစ်ယောက်ဟာ အဲဒီလောက် ချောမောကြည့်ကောင်းစရာလိုလို့လား။ အေးလေ... ရိုးရိုးလူမှမဟုတ်တာ... Idol ဆိုပါ့လား။ ဒါနဲ့ ငါတော့ ဘယ့်နှယ့်လုပ်ရပါ့။ မြင်သွားသလားမသိ။ မြင်သွားရင်တော့ သွားပါပြီ။ နင်တော့ ရေမရှိချောင်းမှာ နှာခေါင်းဖော်ပြီးတော့သာ သေလိုက်တော့ ယွန်းဝေရေ။

နှင်းဆီပုံပြင်Onde histórias criam vida. Descubra agora