အမှတ်တမဲ့မှ အမှတ်တရသို့

3.4K 207 1
                                    

January လမို့နှင်းလေးတွေကဖွဲဖွဲကျနေတုန်း ခရစ်စမတ်ပြီးလို့ နှစ်သစ်ရောက်နေပေမယ့် အအေးဓာတ်ကသိသိသာသာလျော့သွားတယ်မရှိဘူး နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့ ဒီ January လကိုကျွန်တော်အရမ်းချစ်ပါတယ် ချမ်းအေးတဲ့ရာသီကိုအန်တုပြီး ကျွန်တော့်ကိုလူ့လောကထဲရောက်အောင် အမေပို့ပေးခဲ့တာလဲ ဒီ January လပဲလေ ပြီးတော့ ပြီးတော့ တစ်စုံတစ်ယောက်ကိုသတိရနေတာကလဲ ဒီ January လပဲမို့လား တကယ်တော့ January လမှမဟုတ်ပါဘူး ကျွန်တော်အမြဲသတိရနေတယ်ဆိုပိုမှန်ပါလိမ့်မယ် January လမှ ပိုသတိရနေမိတာက ကျွန်တော်နဲ့ အဲ့တစ်စုံတစ်ယောက်အကြားမှာ အမှတ်တရတွေ အဓိပ္ပါယ်ရှိတဲ့ နေ့တွေ ဘယ်တော့မှမေ့မရနိုင်တဲ့ခံစားမှုတွေကိုပေးခဲ့တာလဲ ဒီ January လပဲမို့လား

တကယ်ပါ ကျွန်တော် January ကိုချစ်တယ်

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

Jongin ဒီမြို့လေးကိုပြောင်းရမယ်ကြားတုန်းကအရမ်းငိုခဲ့တာ ကြည့်အုံးလေ သူ့သူငယ်ချင်းတွေရှိတဲ့နေရာ သူအကြိုက်ဆုံး ကြက်ကြော်ဆိုင်ရှိတဲ့အရပ် သူကစားနေကြ သူတို့အိမ်ရှေ့ကကစားကွင်းလေး ပြီးတော့ သူ့ first love လေး Sulyaw ရှိတဲ့ကျောင်းကိုစွန့်ခွာပြီး အဝေးကိုသွားရမယ်တဲ့လား seoul ဆိုတဲ့မြို့ကြီးကနေ ဘာမဟုတ်တဲ့ ပင်လယ်ကမ်းခြေမြို့ကိုပြောင်းရမယ်တဲ့လား မပြောင်းနိုင်ဘူး Jongin မပြောင်းချင်ဘူး အဲ့မြို့မှာ ကြက်ကြော်မရှိရင်ဘယ်လိုလုပ်မလဲ ကစားကွင်းမရှိရင်ဘယ်လိုလုပ်မလဲ သူ့ first love လေး Sulyaw လို ချောချောလေးတွေမရှိရင် ဘယ်လိုလုပ်မလဲ တွေးတွေးပြီးငိုရတာအမော သူဘယ်လောက်ပဲငိုငို မူလတန်းအရွယ်သာရှိသေးတဲ့ သူ့ စကားကို ဘယ်သူမှလဲ အဖက်လုပ်မှာမဟုတ်ပါဘူး ငိုယိုပြီးသာ လိုက်လာရတာပါ ရောက်တော့လဲ ပင်လယ်ကြီးမြင်ပြီး နဲနဲကျေနပ်သလိုရှိပေမယ့် သူမနေချင်ပါ ခနတော့ နေဖို့ လည်ဖို့အကောင်းဆုံးပေမယ့် အကြာကြီးဆိုသူပျင်းတာနဲ့သေသွားလိမ့်မယ်လေ

Jong အဖေက ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ မန်နေဂျာတစ်ယာက်ပါ ဒီ မြို့လေးမှာနှစ်ရှည်စီမံကိန်းဆွဲပြီး အပန်းဖြေအဆောက်အအုံတွေ ဟိုတယ်တွေ ဆောက်လုပ်ဖို့ project နဲ့ပြောင်းလာတာပါ အဖေပြောင်းတော့ Jong တို့ပါလိုက်လာရတာ

Dika [Kaisoo]one shot collection့ Where stories live. Discover now