အဆတစ်ရာ(final)

2.1K 188 1
                                    

ကျွန်တော့်ရဲ့ ပင်ဂွင်းပေါက်

" အား .. နောက်ကျနေပြီ .. "

၉ နာရီကိုညွှန်ပြနေသည့် နာရီကိုကြည့်ပြီး ဂျုံအင်တစ်ယောက် အပြေးအလွှားထကာ ရေချိုးခန်းဝင် ကိုယ်လက်သန့်စင်ရသည်။၁၀ နာရီတွင် စမည့် အရေးကြီးသည့် pre-test အချိန်မှီအောင်ပင် သွားနိုင်ပါ့မလား တွေးပြီး စက်တပ်သလို လှုပ်ရှားမိတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်လေရဲ့။အရေးကြီးသည့် စာအုပ်တွေက မထည့်ရသေး။လမ်းတစ်ဝက်ရောက်မှ ကျန်ခဲ့သည့် စာရွက်စာတမ်းတွေကိုပြန်ယူရတာလဲ အကြိမ်ကြိမ်။ခန္ဓာကိုယ်ကိုလဲ ကြည့်ကောင်းအောင်ပြင်ရသေးသည်။အကျီ င်္ရွေးတာကပင် ဆယ်ငါးမိနစ်နီးပါး။တစ်ခါတလေ ဘာဝတ်ရမှန်းမသိ ကြုံရာကောက်စွပ်မိလေတော့ ကျောင်းရောက်မှ အကျီ င်္တွန့်ကျေနေတာမျိုး ကြယ်သီးပြုတ်နေတာမျိုးတွေလဲ ဖြစ်ပေါင်းများပြီ။

အရင်ကဆို ၈ နာရီထိုးသည်နှင့် Hyung အသံချိုချိုလေးကိုကြားရပြီ။မထချင်ဖြစ်နေသည့် သူ့ကို အတင်းဆွဲထူကာ ချော့တစ်မျိုး ခြောက်တစ်မျိုး မရ ရအောင်နှိုးလိမ့်မည်။ဂျုံအင် ရေချိုးနေချိန် အိပ်ရာသိမ်းပေးမည်။ဝတ်စရာ အဝတ်တို့ကို အဆင်သင့်ထုတ်ထားပေးမည်။ဂျုံအင် ကျောင်းကိစ္စနှင့် ပတ်သက်သော စာအုပ်၊စာရွက်စာတမ်း စသည်တို့ကို မမေ့စေရန် ကုတင်ပေါ်အစီအရီတင်ထားပေးလိမ့်မည်။ပြီးလျှင် ရေချိုးခန်းထဲ အချိန်ဆွဲနေသည်သူ့ကို တံခါးခေါက်ကာ ဆူမည်။ဂျုံအင်ပြင်ဆင်ပြီးလျှင် မနက်စာကို မရမက အတင်းကျွေးမည်။ပြီးလျှင် ကျောင်းအတူသွားကြမည်။

ထိုသို့သောမနက်ခင်းပေါင်းများစွာကို ဂျုံအင် မုန်းတီးခဲ့သည်။တစ်ပတ်တိတိရှိခဲ့ပြီ။Hyung နဲ့ဂျုံအင် ပြဿနာဖြစ်ခဲ့သည့် ကိစ္စမှာ ဂျုံအင့်ဘက်က ၁၀၀ ရာခိုင်နှုန်းနီးပါး မှားယွင်းခဲ့မှန်း ဂျုံအင်သိပေမယ့် Hyung ဘက်ကလဲ အမှားမကင်းခဲ့။အစစ အရာရာ ဂျုံအင့်ကို သူ့စိတ်တိုင်းကျနေစေခဲ့ခြင်းက ဂျုံအင် Hyung နဲ့ဝေးရာကိုပြေးရန် ပိုပြီး တွန်းအားဖြစ်စေခဲ့သည်။

"မရှိတာကိုမှ တမ်းတနေတတ်တာ လူတွေရဲ့ ဖြစ်နေကြအကျင့်တွေလား Hyung ရယ် "

Dika [Kaisoo]one shot collection့ حيث تعيش القصص. اكتشف الآن