အဆ တစ်ရာ

1.6K 141 1
                                    

ကျွန်တော့်ရဲ့ ဝက်ဝံပေါက်

"တီ ... တီ "

သံရှည်ဆွဲလိုက်သော နှိုးစက်သံကို ကြားလိုက်ရသည်နှင့် ဂျောင်ဆူးမျက်လုံးတို့က အလိုလိုပွင့်လျက်သား နိုးလာရသည်။မြည်နေသော နာရီကို အရင်ဆုံးပိတ်ပြီးမှ စောင်ပုံထဲက ထွက်ကာ မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်သည်။ပြီးလျှင် မီးဖိုချောင်တန်းဝင်ရသည်မှာ ဂျောင်ဆူး၏ နိစ္စဒူဝအလုပ်တစ်ခုပင်။

အရင်ဆုံး ဆန်ဆေးကာ ပေါင်းအိုးဖြင့် ထမင်းအရင်ချက်ရသည်။ကြက်ဥကလဲ မပါမဖြစ် ကျော်ရသည်။ဂျောင်ဆူး၏ အကျွမ်းကျင်ဆုံးဖြစ်သော ဟင်းလျာ ပဲငပိဟင်းရည်ကလဲ မပါမဖြစ်ချက်ရသည်။ရေခဲသေတ္တာထဲမှာ အသားနည်းနည်းကိုယူကာ တစ်နပ်စာအဖြစ် ကျော်ပြီးလျှင်တော့ မနက်စာအတွက် လုံလောက်ပြီ။အချိန်အားဖြင့် တစ်နာရီသာကြာပြီးလျှင် ဂျောင်ဆူးလက်ရာ ထမင်းဝိုင်းကား ပြီးပြည့်စုံသွားလေရဲ့။စားပွဲပေါ်တွင် အဆင်သင့်ပြင်ပြီးသည်နှင့် နာရီတစ်ချက်ကြည့်ကာ အိပ်မက်ကမ္ဘာထဲမှ မထနိုင်သေးသော ကျေးဇူးရှင်လေးကို နှိုးရန်ပြင်ရသည်။

"ဂျုံအင်ရေ .. "

အရင်ဆုံး အခန်းတံခါးခေါက်ပြီး အချက်ပေးသော်လဲ ကိုယ်တော်ချောက အသံမထွက်။ဒီတော့ တံခါးဖွင့်ဝင်ကာ စောင်ထဲလုံးထွေးအိပ်နေသည့် သူ့ကို အတင်းဆွဲနှိုးရသည်ကလဲ ဂျောင်ဆူး၏ နေ့စဉ်အလုပ်တွေထဲမှ တစ်ခုပင်။

"ထတော့ ဂျုံအင် ... ၈ နာရီထိုးနေပြီ ကျောင်းသွားဖို့ နောက်ကျနေလိမ့်မယ် ... "

"ဒီနေ့ ကျွန်တော် မနက်ပိုင်းအတန်းချိန်မရှိဘူး .. "

အာလေးလျှာလေးဖြင့် အိပ်ရေးမဝသည့် အသံဖြင့် စောင်ကို ပြန်ဆွဲကာ အိပ်နေသော ဂျုံအင့်ကိုကြည့်ပြီး ဂျောင်ဆူး သက်ပြင်းချမိရသည်။ဒီနေ့ ဂျုံအင် မနက်ပိုင်းအတန်းချိန်မရှိတာ ဂျောင်ဆူးသိပါသည်။ကျောင်းတူသော်လဲ major မတူသည်မို့ အတန်းချိန်တွေကလဲ တစ်ယောက်နှင့်တစ်ယောက်မတူ။ဂျောင်ဆူးကတော့ ဒီနေ့ မနက်ပိုင်းအရေးကြီးသော စာသင်ချိန်ရှိသည်ဖြစ်၍ ဂျုံအင့်ကိုပါ အတင်းနှိုးကာ ကျောင်းအတူသွားဖို့ပြင်နေရသည်လေ။

Dika [Kaisoo]one shot collection့ Where stories live. Discover now