Because I love you so much

5.9K 343 0
                                    

Episode(1)

အလွန်ကျယ်ဝန်းလှတဲ့ခြံကြီးတစ်ခုထဲကို ကားတစ်စီးဝင်ရောက်လာခဲ့တယ် ခြံထဲမှာတည်ဆောက်ထားတဲ့အိမ်ဆီကိုရောက်ဖို့ ဆယ့်ငါးမိနစ်လောက်မောင်းဝင်လာရတယ် ဂိတ်တံခါးကလည်း နှစ်ထပ်တောင်ရှိတယ် ကားဝင်လာတဲ့လမ်းတစ်လျှောက်လုံး ခြံထဲမှာအလုပ်လုပ်နေကြတဲ့လူတွေအားလုံး ခေါင်းငုံ့နှုတ်ဆက်ကြတယ် အဲအလုပ်သမားတွေအားလုံးနေထိုင်ဖို့အဆောင်တွေကိုလည်း ခြံထဲမှာပဲဆောက်လုပ်ပေးထားတယ် အိမ်ရှေ့ရောက်တော့ လူတစ်ယောက်ထွက်လာပြီး ကားတံခါးလာဖွင့်ပေးတော့ ကားပေါ်ကနေ အသက်သုံးဆယ်ဝန်းကျင်လောက်ရှိသော အလွန်ခန့်ညားတဲ့ ယောကျာ်းလေးတစ်ယောက် ဆင်းလာခဲ့တယ် သူနာမည်ကတော့ Kim kai ပါ
သူကkoreaနိုင်ငံရဲ့ Top ten စာရင်းဝင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ
kai ကားပေါ်ကနေဆင်းလာပြီး သူကိုအိမ်ရှေ့မှာ လာစောင့်နေကြတဲ့ သူ့အလုပ်သမားတွေကို တစ်ချက်ကြည့်လိုက်ပြီးတော့
' Arjushi Min Arjushi ' ဆိုပြီးအော်ခေါ်လိုက်တာကြောင့် ရပ်နေတဲ့လူတွေထဲက တစ်ယောက်ထွက်လာခဲ့တယ်

Min arjushi:: ' nae. သခင်လေး ဘာများ ခိုင်းစရာရှိလို့လဲ'
kai :: ' Dyo Dyo ဘယ်မှာလဲ '
Min arjushi::: ' ခြံအနောက်က ပန်းခြံထဲမှာ ရှိပါတယ်'
' ဘာ!!! ဘာာ ဘာလဲစက်ဘီးသွားစီးနေတာပဲလား' ဆိုပြီး kai အော်လိုက်တာကြောင့် ရပ်နေတဲ့လူတွေအားလုံး တုန်သွားပြီး အနောက်ဆုတ်သွားကြတယ်
' ဟုတ် ဟုတ်ပါတယ်သခင်လေး' ဆိုပြီး အသံတုန်တုန်နဲ့ min arjushiပြန်ဖြေတယ်

kaiမီးဝင်းဝင်းတောက်နေတဲ့ဒေါသမျက်လုံးတွေနဲ့ ခြံအနောက်ဘက်က ပန်းခြံဘက်ကိုကြည့်လိုက်ပြီးတော့ ' အားလုံး အဆောင်ဆီပြန်ကြတော့ ဂိတ်တံခါးတွေကိုလည်း ပိတ်ထားလိုက်တော့ ငါမခေါ်ဘဲနဲ့ ဘယ်သူမှာ ဒီစံအိမ်ဘက်ကိုမလာကြနဲ့ min arjushi ရောပဲ' ဆိုပြီးအမိန့်ပေးလိုက်တယ် ' nae.သခင်လေး' ဆိုပြီး အားလုံးထွက်သွားကြပြီးတော့ kaiလည်း အနီးရှိgolfရိုက်တံတစ်ချောင်းကို ဆွဲယူပြီး ခြံအနောက်ဘက်ကို ခြေလှမ်းတွေဦးတည်လိုက်တယ်
ပန်းခြံထဲမှာ dyo dyo စိတ်လွတ်လက်လွတ် စက်ဘီးပတ်စီးနေတုန်း အရှေ့ကနေလူတစ်ယောက် ပိတ်ရပ်လိုက်တာကြောင့် အမြန်ဘရိတ်အုပ်လိုက်ရတယ် dyo လာရပ်တဲ့လူကို မော့ကြည့်လိုက်တော့ kaiကိုတွေ့လိုက်တယ်' ဟင် kai အလုပ်ကပြန်လာပြီလား' ဆိုပြီး dyoမေးလိုက်ပေမဲ့ kaiကဘာမှပြန်မဟြေဘဲ သူကိုသာစိုက်ကြည့်နေတယ် kaiအကြည့်တွေက dyoဆီကနေ စက်ဘီးဘက်ကိုဟြေင်းသွားတယ် dyoကိုစက်ဘီးပေါ်ကနေ ဆွဲချလိုက်ပြီး စက်ဘီးကို လက်ထဲကgolfရိုက်တံနဲ့ တစ်စစီဖြစ်အောင် ရိုက်ချိုးလိုက်တယ် dyoလည်း kaiလုပ်နေတာကို ကြောင်ပြီးကြည့်နေမိရာက သတိဝင်လာတော့ စက်ဘီးကတစ်စစီဖြစ်နေပြီ Dyo စက်ဘီးကိုရိုက်ချိုးနေတဲ့kaiကို တွန်းထုတ်လိုက်ပြီး
' ဘာလို့ ဘာလို့လဲ ဘာလို့စက်ဘီးကိုဖျက်ဆီးရလဲ' ဆိုပြီးဟြေကာ ပျက်စီးနေတဲ့စက်ဘီးဘေးနားမှာထိုင်ပြီး ငိုနေတော့တယ် kai ငိုနေတဲ့dyoကိုဆွဲထူလိုက်ပြီး
' ဘာလို့ဖျက်ဆီးရတာလဲဟုတ်လား မင်းတကယ်မသိတာလား dyo dyo' ဆိုပြီး dyoပုခုံးကိုဆွဲကိုင်ကာ မေးလိုက်တယ် မျက်ရည်တွေဝဲနေတဲ့မျက်လုံးလေးနဲ့dyo kaiကိုကြည့်ပြီး ခေါင်းခါပြတယ် kaiစိတ်ပျက်သွားတဲ့ပုံစံနဲ့ ' မင်းကငါထက် အဲစက်ဘီးကိုပိုတွယ်တာနေလို့ ဖျက်ဆီးပစ်လိုက်တာပဲ ' ဆိုပြီးဟြေလိုက်တယ်
dyo::: ' ဒီစက်ဘီးကို kaiပဲဝယ်ပေးထားတာလေ'
kai::: ' ဟုတ်တယ် ငါမရှိတဲ့အချိန်မင်းပျင်းနေမှာစိုးလို့ ခြံထဲမှာစီးလို့ရအောင်ဝယ်ပေးခဲ့တာ ဒါပေမဲ့ဒီစက်ဘီးရောက်လာတဲ့နေ့ကစပြီး မင်း ငါ့အနားမှာအချိန်ပြည့်ရှိမနေတော့ဘူး မင်းကငါထက် အခြားအရာတွေကိုဦးစားပေးတာကို ငါမလိုချင်ဘူး မင်းရဲ့စိတ် မင်းရဲ့ဦးနှောက် မင်းရဲ့နှလုံးသား မင်းရဲ့အရာရာတိုင်းကို Kim Kaiဆိုတဲ့ငါပဲ အပိုင်လိုချင်တယ် အဲဒါဘာလို့လဲသိလား ငါမင်းကို အရမ်းချစ်တာကြောင့်ပဲdyo ' ဆိုပြီး dyoကိုဆွဲဖက်ကာဟြေလိုက်တယ် dyo kaiရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီးတော့ 'ဟက် ချစ်လို့ဟုတ်လား ခင်ဗျားကြီးက ကျွန်တော်ကိုဒီလိုတွေလိုက်ချုပ်ချယ် စိတ်ထွက်ပေါက်တွေကိုအကျဉ်းချထားတာက ချစ်လို့ဟုတ်လား လာမလိမ်ပါနဲ့ဗျာ ဒါတွေကခင်ဗျားလိုအပ်နေတဲ့တစ်စုံတစ်ယောက်ရဲ့ နေရာအတွက်ကျွန်တော်ကိုအစားထိုးနေတယ်ဆိုတာ ကျွန်တော်သိတယ် ကျွန်တော်ခင်ဗျားကို ခင်ဗျားကို...' ဆိုပြီးdyoဆက်ဟြေမဲ့စကားက လည်ချောင်းကနေထွက်မလာပါ
*ဘာလို့လဲ ငါဘာလို့သူကိုမုန်းတယ်လို့မဟြေရက်ရတာလဲ * dyoစိတ်ထဲကနေ ရေရွတ်လိုက်တယ် 'အစားမထိုးဖူးပါဘူး dyoကိုအစားထိုးပြီးချစ်တာမဟုတ်ပါဘူး ရင်ဘတ်ကြီးနဲ့ရင်းပြီးတကယ်ချစ်တာပါ ' ဆိုပြီးkai ပြန်ဟြေလိုက်တယ်
' ဟင့်အင်းးး ကျွန်တော်ခင်ဗျားကို ကြောက်တယ် ခင်ဗျားရဲ့အတ္တတွေကိုကြောက်တယ် တကယ်လည်းမချစ်ဘဲနဲ့ချစ်တယ်လို့လာဟြေမနေပါနဲ့ စိတ်ချပါ ကျွန်တော့်အပေါ်မှာ ခင်ဗျားရဲ့ကျေးဇူးတွေ ရှိနေတာကြောင့် ခင်ဗျားအစားထိုးထားတဲ့နေရာမှာပဲ ကျွန်တော်နေ နေမှာပါ ' ဆိုပြီးဟြေကာ kaiရှေ့ကနေ စံအိမ်ဘက်ကို dyo dyoပြေးထွက်သွားတယ် စံအိမ်ထဲရောက်တော့ dyoအခန်းထဲဝင်သွားပြီး တံခါးကိုလော့ချကာ တံခါးနားမှာပဲထိုင်ကာ ငိုနေတော့တယ် kaiလည်းdyoနောက်ကိုလိုက်လာပြီး dyoအခန်းရှေ့ရောက်တော့ dyoငိုနေတာကိုကြားလိုက်ရတာကြောင့် သူ့ရင်ထဲကိုမီးစထိုးမိသလိုနာကျင်နေမိတယ်
* dyoကဘာလို့ သူကိုအစားထိုးထားတာလို့ ထင်နေရတာလဲ ကျွန်တော်သူ့ကိုတကယ်ချစ်တာပါ အသက်ဆယ့်နှစ်လောက်ကျွန်တော်ထက်ငယ်နေတဲ့ သူကို စိတ်မချတာကြောင့်လိုက်ချုပ်ချယ်မိတာပါ ကျွန်တော်ကယောကျာ်းလေးလေ သူကလည်းယောကျာ်းလေးဆိုတော့ သူကျွန်တော်ထက်ူအခြားလူတွေကိုချစ်သွားမှာကိုလည်း ကျွန်တော်စိုးရိမ်မိတယ် ကျွန်တော်သူကိုအဆုံးရှုံးမခံနိုင်ဘူး ကျွန်တော်သူကို အရမ်းချစ်တာကြောင့် ပိုင်ဆိုင်နိုင်အောင်ကြိုးစားမိတာ ကျွန်တော်အပြစ်လား
ချစ်ရတဲ့လူတွေကိုအရင်ကဆုံးရှုံးခဲ့ဖူးတာကြောင့် အခုသူကိုထပ်ပြီးအဆုံးရှုံးမခံရအောင် ချုပ်ချယ်နေမိတာ ကျွန်တော်အပြစ်လား' ဆိုပြီး kaiစိတ်ထဲကနေဟြေရင်း ငိုနေတော့တယ်
<<<<<<<<< အတိတ်ဆီသို့>>>>>>>>>>
#######################
နောက်အပိုင်းကစပြီး kaiအတိတ်နဲ့ kai နဲ့dyoတို့ ဘယ်လိုဆုံတွေ့ကြလဲဆိုတာ နောက်ကြောင်းပြန်မှာပါ ဒီficက wattpatမှာ ပထမဆုံးရေးဖြစ်တာပါ အရေးအသားမကောင်းရင် miyanae. ( 90° BOW )

Because I love you so muchOnde as histórias ganham vida. Descobre agora