Because I love you so much

2.4K 202 12
                                    

Episode(11)

         မိုးရေထဲမှာ သူ့လက်ကိုဆွဲပြီး ပြေးနေတဲ့ dyo dyoကိုကြည့်ပြီး kaiပြုံးနေမိတယ် ပြီးတော့ သူ့လက်ကို ကိုင်ထားတဲ့ လက်သေးသေးလေးကို ပိုတင်းကျပ်အောင် ဆုပ်ကိုင်လိုက်ပြီးတော့
*dyo dyoအခုမင်း ငါကို ဆွဲထားတဲ့မင်းလက်တွေကို ငါဘယ်တော့မှပြန်မလွတ်ပေးနိုင်တော့ဘူး မင်းရဲ့ဘဝကို ငါပဲပိုင်ဆိုင်ချင်တယ်dyo ငါချစ်ရတဲ့သူတွေကို အရင်တုန်းက ငါဆုံးရှုံးခဲ့ရပေမဲ့ နောက်ထပ် မဆုံးရှုံးရအောင် ငါကာကွယ်ပေးချင်တယ်dyo မင်းကို ငါအနားမှာ    
အမြဲခေါ်ထားဖို့ ငါဆုံးဖြတ်လိုက်ပြီ အကြောင်းအရင်းကတော့ Because I Love You so much. my dyo dyo*

                  dyo dyoတစ်ယောက် Kaiလက်ကို ဆွဲပြီး ကျောင်းအပြင်ကို ပြေးထွက်လာခဲ့တယ် ကျောင်းအပြင်ရောက်တော့ kaiတစ်ယောက် ဆက်မပြေးတော့ဘဲ ရပ်လိုက်တာကြောင့် ရှေ့ကနေ သူလက်ကိုဆွဲပြီးပြေးနေတဲ့ dyoက နောက်လှည့်ကြည့်တယ် အဲအချိန်မှာ kaiက dyoရဲ့လက်ကို သူဘက်ရောက်အောင် ဆွဲလိုက်တာကြောင့်  dyoရဲ့ခန္ဓာကိုယ်လေးက kaiဘက်ကို ယိုင်ကျသွားတယ် kaiက အလိုက်သင့်ပွေ့ဖက်ထားလိုက်တော့ ရင်ဘတ်ချင်း နီးကပ်သွားတာကြောင့် dyoနဲ့kaiတို့ရဲ့ နှလုံးခုန်သံတွေက ကောင်းကင်ကနေ မြေပြင်ကိုခုန်ဆင်းနေကြတဲ့မိုးစက်လေးတွေနဲ့အတူ ဝုန်းဒိုင်းကြဲနေတော့တယ်

                dyoတစ်ယောက် kaiရင်ခွင်ထဲကနေ ရုန်းထွက်ဖို့လုပ်တော့ kaiက တင်းကျပ်စွာဖက်ထားတာကြောင့် မရုန်းနိုင်ဘူးဖြစ်နေတယ် အဲဒါနဲ့kaiကို မော့ကြည့်လိုက်တော့  kaiကလည်း သူကိုငုံ့ကြည့်ချိန်နဲ့တိုက်ဆိုင်သွားတာကြောင့် သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက နီးနီးလေးဖြစ်သွားတယ်

dyo'pov:: * အားရှီးးး ဒါက ဘယ်လိုအနေအထားကြီးလဲ မနေတတ်တော့ဘူး ဒီရင်ဘတ်ကလည်း ဘာလိှု့ဒီလောက်ခုန်နေရတာလဲဟ စောနက အရမ်းပြေးလိုက်လို့ဖြစ်မယ်*

kai:: *ကျွန်တော်ရဲ့ကလေးလေး ကျွန်တော်ရင်ခွင်ထဲမှာ အမြဲဒီလို ထွေးပွေ့ထားချင်တာ သူမျက်နှာလေးကို အနီးကပ်မြင်လိုက်ရတော့ ကျွန်တော့်ရင်ဘတ်ကြီးက ဂျက်လေယာဉ်တစ်စီးပျံသန်းနေသလိုမျိုး အရှိန်ပြင်းစွာ ခုန်နေတော့တယ် သူရဲ့နှုတ်ခမ်းလေးပေါ်ကို အနမ်းလေးတွေ ခြွေချခြင်းပေမဲ့ မထိရက်လောက်တဲ့အထိ သူကိုကျွန်တော် မြတ်နိုးမိနေတယ် အချိန်တိုတစ်ခု အတွင်းမှာ သူကိုအဲလောက်ထိ ချစ်သွားတဲ့ ကိုယ့်နှလုံးသားကို အံ့သြမိတာတော့ အမှန်ပဲ ကျွန်တော်ညီမsooနဲ့တူလို့ဖြစ်မှာပေါ့ဆိုတဲ့ အကြောင်းပြချက်ကို လာမဟြေပါနဲ့ dyo dyoကို မြင်နေရတဲ့အချိန်မှာ sooကိုတောင် သတိမရမိတာ အမှန်ပါပဲ *

Because I love you so muchWhere stories live. Discover now