Because I love you so much

3K 216 3
                                    

Episode (2)

>>>>> kaiရဲ့အတိတ်
flash back
' appa အလုပ်ကပြန်လာပြီလား' ဆိုပြီး အိမ်အပေါ်ထပ်ကနေ ကောင်မလေးတစ်ယောက် ပြေးဆင်းလာခဲ့တယ် ' wow!!! appaရဲ့မင်းသမီးလေး ဖြေးဖြေးဆင်းလာပါ တော်ကြာချော်လဲနေအုန်းမယ် ' ဆိုပြီး Mr.kim ဟြေလိုက်တာကြောင့် အပေါ်ကပြေးဆင်းလာတဲ့ kim sooလည်း သူ့ရဲ့အသည်းပုံစံနှုတ်ခမ်းနဲ့ ပြန်ပြုံးပြလိုက်တယ်
Mr.kim:: ' sooလေး kaiရော ဘယ်မှာလဲ'
soo::: ' အခုထိကျောင်းက ပြန်မလာသေးဘူးappa'
အဲအချိန်မှာ အိမ်ပေါက်ဝကနေ
' ပြန်လာပါပြီဗျာ ဒီမှာပါ' ဆိုပြီး အသားညိုညိုလေးနဲ့ကောင်လေးတစ်ယောက် ဝင်လာခဲ့တယ်
Mr.kim::: ' ညီမလေးကို တစ်ယောက်တည်း ထားခဲ့ပြီး ဘယ်သွားလျှောက်သွားတာလဲ kai'
kai::: ' ဟာ appaကလည်း အပြစ်တင်မစောပါနဲ့ ဒီမှာကြည့်လိုက်အုန်းး'
လက်ထဲမှာကိုင်လာတဲ့ ဗူးလေးတစ်ခုကို မြှောက်ပြပြီး kaiဟြေလိုက်တယ်
soo::: ' အဲဒါဘာဗူးလဲဟင် oppa'
kai::: ' ကြက်ကြော်လေ စာကြည့်တိုက်ကအပြန် လမ်းမှာတွေ့လို့ appaနဲ့sooလေးတို့ စားရအောင် ဝယ်လာခဲ့တာ'
soo :: ' Wow!!!! oppaက အကောင်းဆုံးပဲ'
kai::: ' အစားပါတယ်လည်းဆိုရော ရုပ်ကဖြီးနေတာပဲ'
kai sooပါးကိုလိမ်ဆွဲလိုက်တယ်
soo::: ' အားးး oppa နာတယ် သူ့အားကြီးနဲ့ လိမ်ဆွဲရလား ဟင့် '
နာလို့အော်နေတဲ့ sooကိုကြည့်ပြီး kaiနဲ့Mr.kimတို့ရယ်နေတော့တယ် သားအဖသုံးယောက်ရဲ့ရီသံတွေနဲ့အတူ ညနေခင်းလေးက သာယာလှပနေတော့တယ်
kaiနဲ့sooတို့ ညစာပြင်နေတုန်း သူတို့ရဲ့appaလည်း ရေမိုးချိုးအဝတ်စားလဲပြီး ထမင်းစားခန်းထဲဝင်လာတယ်
Mr.kim::: ' appaက ထမင်းပွဲပြင်ပေးမလို့ကို ဒီမောင်နှမနှစ်ယောက် တယ်လက်သွက်ကြပါလား'
kai::: ' ဟာ appaက အခုမှအလုပ်ကပြန်လာတာလေ ပင်ပန်းနေတာကို သားတို့ကပြန်ပြုစုရမှာပေါ့ မဟုတ်ဘူးလားsoo'
soo ::: ' ဟုတ်ပါတယ်ရှင့် လာappa အကုန်ပြင်ပြီးသွားပြီ '
kaiတို့သားအဖသုံးယောက် ညစာစားပြီးတော့ ဧည့်ခန်းမှာစကားဟြေနေရင်း
Mr.kim:: ' kaiနဲ့soo ဒီတစ်ပတ်Saturday ommaနှစ်ပတ်လည်နေ့နော်'
kai,soo::: ' nae.appa သတိရပါတယ်'
soo :::'အခုချိန်မှာ ommaရှိနေရင် သိပ်ကောင်းမှာပဲနော် sooကြောင့်ပါ sooကြောင့် ommaသေသွားရတာ ' ဟြေကာsoo ငိုနေမိတယ်
' မဟုတ်ပါဘူး sooလေးကြောင့်မဟုတ်ပါဘူး ဘာလို့အဲလိုတွေတွေးနေရတာလဲသမီးsooရယ်' ဆိုပြီး Mr.kimက sooကိုဖက်ပြီးဟြေတယ် sooလည်း သူ့appaရင်ခွင်ထဲမှာငိုနေရင် 'sooကို မွေးနေရင်း ommaကဆုံးသွားတာလေ အဲဒါsooကြောင့်ပေါ့ ' ဟြေလိုက်တယ်
Mr.kim:: ' အဲဒါကsooကြောင့်မဟုတ်ပါဘူး ကံတရားအရပါ ommaကဆုံးသွားပေမဲ့ သူရဲ့ကိုယ်ပွားလေးတွေအဖြစ် သမီးနဲ့ သမီးရဲ့အစ်ကိုတို့ကို appaအတွက်ထားပေးခဲ့တယ်လေ တိတ်တော့နော် မငိုနဲ့တော့ မနက်ကျောင်းသွားရင်မျက်လုံးတွေ ရောင်နေအုန်းမယ် '
kaiကတော့ ဘာမှဝင်မဟြေဘဲ သူ့ညီမလေးsooနဲ့သူ့appaတို့ကို ကြည့်နေမိတယ် နှစ်တိုင်းပါပဲ sooလေးက သူ လူမှန်းသိတတ်စအရွယ်ကနေ အခုအလယ်တန်းရောက်နေတဲ့အထိ ommaနှစ်ပတ်လည်ရောက်ခါနီးရင် ဝမ်းနည်းစွာငိုလေ့ရှိပါတယ် ommaဆုံးသွားပြီးနောက် သူတို့သားအဖသုံးယောက်တည်း အဆင်ပြေပြေနဲ့ဘဝကိုဖြတ်သန်းနိုင်အောင် appaက အမြဲကြိုးစားတယ် ကျွန်တော်နဲ့sooလေးကလည်း စာမှာထူးချွန်အောင် ကြိုးစားတယ် အခုဆိုကျောင်းမှာ ကျွန်တော်တို့မောင်နှမနှစ်ယောက်က စံပြကျောင်းသားကျောင်းသူ ဖြစ်နေပြီလေ စံပြကျောင်းသားဖြစ်တဲ့အပြင် ကျောင်းရဲ့kingလည်း ဖြစ်တာကြောင့် ဘေးနားမှာကောင်မလေးတွေ ဝိုင်းနေပေမဲ့လည်း ကျွန်တော်စိတ်မဝင်စားတာကြောင့် မာနမင်းသားဆိုပြီးကျောင်းမှာ နာမည်တွင်နေတယ်လေ sooနဲ့appaကသာ ကျွန်တော့်အတွေးထဲ အမြဲတမ်းရှိတယ် အခုကျွန်တော်က အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ appaနဲ့sooလေးအတွက် အဆင်မြင့်တက္ကသိုလ်ဝင်နိုင်အောင် ပိုပြီးကြိုးစားနေတယ်
####
မနက်ရောက်တော့ sooနဲ့kaiတို့ ကျောင်းသွားဖို့ပြင်ဆင်ပြီး ထမင်းစားခန်းထဲဝင်လာတော့ စားပွဲပေါ်မှာ အဆင်သင့်ပြင်ထားတဲ့ထမင်းဘူးလေးနှစ်ဘူးနဲ့ စာလေးတစ်စောင် ရှိနေတယ် 'အိပ်ပုတ်လေးနှစ်ယောက် appaအချစ်ဆုံးလေးတွေ
ဒီနေ့လည်းကျောင်းမှာ စာကိုကြိုးကြိုးစားစား သင်ကြနော် appaအလုပ်ကပြန်လာရင် မုန့်ဝယ်ခဲ့မယ် fighting' ဆိုပြီး Mr.kimရေးထားခဲ့တဲ့စာလေးကို မောင်နှမနှစ်ယောက်ဖတ်လိုက်တယ် ဒါကလည်းနေ့တိုင်းappaအလုပ်မသွားခင် လုပ်နေကျအရာလေးပါပဲ
kai sooနဲ့အတူတူ စက်ဘီလေးစီးပြီး ကျောင်းကိုလာခဲ့တယ် ကျောင်းပေါက်ဝရောက်တော့ sooစက်ဘီးပေါ်ကနေ ဆင်းလိုက်ပြီး 'oppa sooလေးသွားတော့မယ်နော် baekတို့canteenမှာ စောင့်နေကြလို့ ' ဟြေလိုက်တယ်
kai::: ' သွားလေ chanyeolတို့လည်း အဲရောက်နေတယ်ဆိုလို့ oppaလည်းစာကြည့်တိုက်သွားအုန်းမယ် ကျောင်းဆင်းရင် oppaကိုစောင့်နေနော် လာကြိုမယ်'
' Yes.sir' ဆိုပြီး သူ့အသည်းပုံနှုတ်ခမ်းလေးပေါ်တဲ့အထိ ပြုံုးပြီး sooဟြေလိုက်တယ် 'အလယ်တန်းကျောင်းသူဖြစ်နေပြီ ကလေးဆန်နေတုန်းပဲ' ဆိုပြီးkai sooဆံပင်ကို ဖွပြီးဟြေလိုက်တယ်
soo :: ' oppa sooဆံပင်တွေ ပွကုန်ပြီ'
kai ::; ' ပိုလှသွားတာပေါ့ ဟဲဟဲ ကဲoppaသွားပြီ see you . '

sooလည်း kaiကိုပြန်နှုတ်ဆက်ပြီး ကျောင်းဝင်းထဲရှိ canteenဘက်ကိုထွက်လာခဲ့တယ်
တစ်နေရာရောက်တော့ ' ဟိတ် ရှေ့က ယောင်းမလေးsoo' ဆိုပြီး လှမ်းခေါ်သံကြားလိုက်တယ် sooလှည့်ကြည့်လိုက်တော့ မျက်နှာမှာမိတ်ကပ်လိမ်းထားတာကလည်း အရမ်းထူနေတဲ့အတွက် မျက်နှာဖုံးစွပ်သလိုဖြစ်နေပြီး မိဘအရှိန်အဝါနဲ့လူတွင်ကျယ်လုပ်နေကြတဲ့ Minraတို့အုပ်စုကို တွေ့လိုက်တယ် Minraဆိုတာက oppaလိုပဲ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူ ပေါ့ပျက်ပျက်နဲ့မိတ်ကပ်ကြောင့်သာ ကြည့်ကောင်းနေတာကို သူကိုသူချောတယ်ထင်ပြီး အလကားဘဝင်မြင့်နေတာလေ စာမှာဆို အနောက်ကရေတွက်ရင် ပထမနေရာယူထားတာလေ ပြီးတော့ oppaကိုတစ်ဖက်သတ် လိုက်ကြိုက်နေတဲ့သူ အခုလည်းကြည့်လေ 'sooကိုများ ပိုင်စိုးပိုင်နင်းနဲ့ယောင်းမတဲ့ စိတ်လေတယ် ' ဆိုပြီး sooသက်ပြင်းချလိုက်တယ်
soo ::: ' ဘာဟြေစရာရှိလို့ ခေါ်ရတာလဲ'
Minra:: ' sooကလည်း စိတ်ကြီးပဲ အရွယ်နဲ့တောင်မလိုက်ဘူး unnieဟြေထားတဲ့ အပေးအယူကို စဉ်းစားပြီးပြီလား'
' ယုတ္တိမရှိတဲ့အဲဒီအပေးအယူကို sooလက်ခံမယ် ထင်နေတာလား ' ဆိုပြီး စိတ်ရှုပ်နေတဲ့ပုံစံဖြင့် sooဟြေလိုက်တယ်
############################
ဒီအပိုင်းက နည်းနည်းစိတ်ဝင်စားဖို့မကောင်းဘူး ဖြစ်သွားတယ် အခုdyo dyoဆိုတဲ့ကောင်လေးနဲ့ဘယ်လိုဆုံတွေ့လဲဆိုတာအထိဆိုတော့ နောက်ကြောင်းပြန်တာကရှည်အုန်းမှာပါ

Because I love you so muchWhere stories live. Discover now