Because I love you so much

2.2K 203 5
                                    

Episode(15)

ကားလမ်းမပေါ်မှာ အရှိန်ဟုန်ပြင်းစွာ မောင်းနှင်နေတဲ့ကားတစ်စီး ပြေးလွှားနေတယ် ကားပေါ်မှာတော့ ဒေါသကြောင့် မျက်နှာခက်ထန်နေပြီး ကားမောင်းနေတဲ့လူတစ်ယောက်နဲ့ သူရဲ့ဘေးမှာ မျက်နှာငယ်လေးနဲ့လူတစ်ယောက်တို့ ကားပေါ်မှာ လိုက်ပါလာခဲ့တယ် အဲအချိန်မှာ

*light light light light light Woo oh Woo oh
light light light light lightsaber*

dyo dyoဆီက ဖုန်းသံထွက်လာတာကြောင့် dyo dyoကိုင်မလို့ လုပ်လိုက်တဲ့အချိန်မှာ kaiကားမောင်းနေရာကနေ အဲဖုန်းကိုလှမ်းယူပြီး contactကို ကြည့်လိုက်တော့ Taoလို့ ပေါ်နေတာကြောင့် နှုတ်ခမ်းတွန့်ရုံမဲ့ပြုံးတစ်ချက် လိုက်ပြီး ဖုန်းကို ကားနောက်ခန်းထဲကို လွှတ်ပစ်လိုက်တယ်

dyo:: ' hyung ဘယ်လိုလုပ်လိုက်တာလဲ'
kai:: ' ယာဉ်တိုက်မှုမဖြစ်ချင်ရင် ငြိမ်ငြိမ်နေ နေတာ အကောင်းဆုံးပဲdyo dyo'

ရေခဲတုံးတမျှ အေးစက်နေသောလေသံနဲ့ dyo dyoကို တစ်ချက်စိုက်ကြည့်ကာ ဟြေလိုက်တာကြောင့် အသက်ပင်ရဲရဲ မရှုနိုင်လောက်အောင် dyo dyoဖြစ်သွားတယ်
ကားနောက်ခန်းက ဖုန်းလေးကတော့ မြည်နေတုန်းပါပဲ

dyo dyoတစ်ယောက် ငြိမ်ကျသွားပြီး ကားတံခါးနားကို တိုးပြီးထိုင်နေတဲ့ပုံက kaiစိတ်ဆိုးနေတာတွေတောင် ပျောက်ကွယ်သွားလောက်အောင် dyo dyoပုံစံက အရမ်းချစ်ဖို့ကောင်းနေတယ်လေ

* မျက်ဝန်းပြူးပြူးလေးတွေက သူစောနကဟြေလိုက်တဲ့စကားတွေကြောင့် ပုလဲမျက်ရည်လေးတွေခနေလို့ နဂိုထက် အရောင်ပိုတောက်နေတယ် သူကငြိမ်ငြိမ်နေလို့ ဟြေခဲ့တာကြောင့် အသက်ရှုနေတာက လွဲပြီးငြိမ်သက်နေတဲ့ပုံစံလေး ကားပြတင်းပေါက်မှန်ကို ချထားတာကြောင့် ကားထဲကို တိုးဝင်လာတဲ့လေပြေလေးတွေက dyoဆံပင်လေးတွေကြားထဲ ဝင်ရောက်တိုက်ခတ် နေတာကြောင့်ဆံနွယ်လေးတွေပျံ့လွှင့်နေတဲ့ပုံစံလေး ဘယ်လိုပဲကြည့်ကြည့် ဖြုစင်လွန်းတဲ့ကလေးလေး
ဒါပေမဲ့ ကျွန်တော်ဘယ်လိုမှနားလည်ပေးလို့ မရဘူး ဘာလို့အခြားသူရဲ့ရည်းစားအဖြစ်နဲ့ partyလို လူအများရှိနေတဲ့နေရာကို လာရတာလဲ အကြောင်းတစ်ခုခုကြောင့် အခုလိုလုပ်ရတာပဲဖြစ်မယ်လို့ ရိပ်မိပေမဲ့ အခြားလူတွေအမြင်မှာ ကျွန်တော်က သူရဲ့ပိုင်ရှင်အဖြစ်ပဲ သိစေချင်တာ အခုသူလုပ်ရပ်က လူအများရှေ့မှာ ဟူးးး တော်သေးတယ် partyထဲမရောက်သေးလို့ အဲဒါကြောင့် ဝေးရာကို ဆွဲခေါ်လာခဲ့တာ *

Because I love you so muchWhere stories live. Discover now