Part8

6.3K 559 13
                                    

ကျောင်းပိတ်​ရက်​ တ​​ယောက်​တည်းအိမ်​မှာ​နေရတာပျင်းလှသည်​မို့ Chanyeolအပြင်​သွားဖို့ဆုံးဖြတ်​လိုက်​သည်​...hyungလည်းအိမ်​မှာမရှိဘူး..မနက်​ကတည်းကထွက်​သွားတာ​လေ....ဘယ်​သွားမယ်​..ဘာလုပ်​မယ်​ဆိုတာ​တော့ကျွန်​​တော်​လည်းမသိဘူးရယ်​....

Viva Poloဆို​သော cafeဆိုင်​​လေးအတွင်းသို့ဝင်​၍ ​ထောင့်​တ​နေရာမှာထိုင်​လိုက်​သည်​...ထို့​နောက်​ကျွန်​​တော်​နှစ်​သက်​​သော Bubble teaတဗူးမှာပီး onlineသုံး​နေလိုက်​သည်​...

"Chanyeol-ah...တ​ယောက်​တည်းလား.."

ကျွန်​​တော့်​နာမည်​ကို​ခေါ်သံ​ကြောင့်​အ​နောက်​လှည့်​ကြည့်​လိုက်​​တော့ Baekhyun hyung...သူလည်းနားရက်​မို့ထင်​ပါတယ်​..​ပေါ့​ပေါ့ပါးပါး အပြာ​ရောင်​တီရှပ်​လက်​တို​လေးနှင့်​ ​ဘောင်းဘီအဖြူပွပွ​လေးဝတ်​ဆင်​ထားသည်​...အ​ကြောင်းသာမသိရင်​ကျွန်​​တော့်​ထက်​ပင်​ ငယ်​သ​ယောင်​...

"nae...Baekhyun hyung​ရော ..တ​ယောက်​တည်းလား..."

"imm.."

ပြောရင်း ကျွန်​​တော်​နဲ့မျက်​နှာချင်းဆိုင်​ခုံမှာဝင်​ထိုင်​ကာ စားပွဲထိုး​ကောင်​​လေးအား Ice coffeeတခွက်​မှာ​နေသည်​..

"Chanyeol..စာ​တွေ​ရောရလား..စာ​မေးပွဲနီး​နေပီ​နော်​...."

"nae...ရပါတယ်​...ဒါနဲ့Baek...ဟင်​.."

Chanyeolတ​ယောက်​​ပြော​နေရင်း တ​နေရာကို​ကြောင်​ကြည့်​​နေတာမို့ သူလည်းအ​နောက်​လှည့်​လိုက်​​တော့ ဟို​နေ့ကWu Krisဆိုတဲ့သူပဲ...​ဘေးမှာလည်း ​ကောင်​မ​​လေးတ​ယောက်​နဲ့....​ကောင်​မ​လေးကသူ့လက်​ကိုတွဲရင်း ကျွန်​​တော်​တို့စားပွဲနဲ့မျက်​​စောင်းထိုး​နေရာ​လောက်​မှာဝင်​ထိုင်​လိုက်​ကြတယ်​....

Baekhyunအ​နောက်​လှည့်​ကြည့်​​နေရင်း ​ရှေ့ကChanyeolကိုစကား​ပြောဖို့ပြန်​လှည့်​လိုက်​​တော့ Chanyeol မျက်​ရည်​​တွေဝဲ​နေပီး Wu Krisဆို​သောလူကိုသာ စိုက်​ကြည့်​​နေတယ်​.....သူဒီအ​ခြေအ​နေကိုသ​ဘော​ပေါက်​လာသလိုပဲ...

"Chanyeol-ah..."

"n..nae..?.."

Chanyeolမျက်​​တောင်​​တွေပုတ်​ခတ်​ပုတ်​ခတ်​လုပ်​လိုက်​ရင်း ကျလုဆဲမျက်​ရည်​တို့ကိုထိန်းထားလိုက်​သည်​ .. ..

Bitter KissWhere stories live. Discover now