Part9

6K 494 22
                                    

Krisအိပ်​ရာနိုးလာ​တော့ ညက​သောက်​ထားတဲ့အရှိန်​နဲ့ ​ခေါင်း​တွေကိုက်​​နေသည်​....လက်​တဖက်​နဲ့​ဆံပင်​​တွေကိုစိတ်​ရှုပ်​သလိုဖွရင်း ကုတင်​​ပေါ်ကဆင်းလိုက်​သည်​...

ဘေးဘီဝဲယာမှာအဝတ်​ဘီရိုတလုံးရယ်​...ကုတင်​​ဘေးက စာကြည့်​စားပွဲရယ်​ ​သေသပ်​သန့်​ရှင်း​သော အခန်းအပြင်​အဆင်​​ကြောင့်​ သူ့အခန်းမဟုတ်​​ကြောင်း အခုမှသတိထားမိသည်​.....

သေပီ...Chanyeolအခန်းလား??..ငါညကမူးပီးဘာ​တွေ​လျှောက်​လုပ်​လဲမသိဘူး...ဘာမှလည်းမမှတ်​မိ​တော့ဘူး...​သေချင်​တယ်​...တကယ်​...

Krisအပြင်​ထွက်​လာရင်း Chanyeol​ကျောင်းသွားဖို့ ​လှေကားထစ်​မှာထိုင်​ပီး ဖိနပ်​ကြိုးချည်​​နေသည်​ ကို​တွေ့​လေသည်​...

သူChanyeolအနားသွားလိုက်​ရင်း...

"ဟို.....မ​နေ့ညက..."

သူ့စကားသံ​ကြောင့်​ ဖိနပ်​ကြိုးချည်​​နေရင်း​မော့ကြည့်​လာ​သော Chanyeolမျက်​နှာ​လေး​ကြောင့်​ သူ​ရှေ့ဆက်​​ပြောရမယ့်​စကားတို့ထွက်​မလာပဲ တဒင်္ဂ ဆွံ့အသွားမိသည်​...Chanyeolရဲ့နှုတ်​ခမ်းရဲရဲ​လေးက လိုတာထက်​ပိုရဲ​နေပီး ဖူးဖူး​လေးဖြစ်​​နေသ​ယောင်​....​အောက်​နှုတ်​ခမ်း​လေးမှာအနည်းငယ်​​ပေါက်​ပြဲဒဏ်​ရာ​လေး​တွေနဲ့ ​သွေးစို့​နေသည်​​လေ.....သူမှားခဲ့ပီထင်​သည်​....သူအသိစိတ်​​ပျောက်​ပီး က​လေးကိုအနိုင်​ကျင့်​ခဲ့မိပီလား....မသိ....ဘာမှစဉ်းစားမရ​တော့​ပေ....
.........
Tbc..
အရမ်းများရှည်​သွားလား...​နောက်​ဆိုအဲ့​လောက်​မရှည်​​စေရပါဘူး...တိုတိုပဲ​ရေးပါ့မယ်​.....ခွီးခွီး...ဒါကteaserပါ...teaserမ​ပေးဖူးလို့​ပေးကြည့်​တာပါ..တကယ်​က ​ရေးရမှာပျင်းလို့ပါ....:p

Bitter KissWhere stories live. Discover now