Part10

6K 466 16
                                    

Ting (message alarm)

"နင်​​စောင့်​မ​နေနဲ့​တော့...Wu Chanyeol..အခုOppaကငါ့​ဘေးမှာ...ဘာလုပ်​​နေလဲသိလား??..သူအိပ်​​နေတယ်​​လေ.....ငါ့​ဘေးမှာ​ပေါ့.."

Chanyeolဖုန်းscreenကိုကြည့်​ပီး ဖတ်​​နေရတဲ့အ​ကြောင်းအရာ​တွေကိုမယုံနိုင်​​အောင်​ဖြစ်​​နေသည်​....

မဟုတ်​ဘူး...hyungကကျွန်​​တော့်​ကိုဒီလိုမျိုး​တော့ကတိမတည်​ပဲ​နေမှာမဟုတ်​ဘူး....hyungကိုယ်​တိုင်​ချိန်းထားတာ....hyungလာကိုလာမှာပါ......ကျွန်​​တော်​​စောင့်​​နေမယ်​....hyungမလာမချင်း ကျွန်​​တော်​ဒီ​နေရာက​နေတဖဝါးမှမခွာပဲ​စောင့်​​နေမယ်​.....

အချိန်​​တွေသာတ​ရွေ့​ရွေ့နဲ့ကုန်​ဆုံးသွားသည်​..ည​နေ​စောင်း ​နေဝင်​ပီးလို့ ည​မှောင်​ရီပျိုး​နေပီ......သူ​ရောက်​မလာ​သေးဘူး......

နာရီလက်​တံ​လေးက တ​ရွေ့​ရွေ့နဲ့ အချိန်​​တွေကိုဝါးမြိုပစ်​လိုက်​သည်​နှင့်​အမျှ Chanyeolရဲ့မျက်​ဝန်းအိမ်​မှ မျက်​ရည်​စ​လေး​တွေလည်း အပြင်​သို့ခုန်​​ပေါက်​​ပြေး​ဆင်းလာကျပီ.....

Chanyeolကျလာ​သောမျက်​ရည်​တို့ကို လက်​နဲ့သုတ်​လိုက်​ရင်း လက်​ကနာရီကိုကြည့်​လိုက်​သည်​....

"အခုမှ ၉နာရီပဲထိုး​သေးတာပဲ...hyungလာမှာပါ.....မြန်​မြန်​လာပါ​တော့.....ကျွန်​​တော်​ချမ်းလာပီ.."

ည၉နာရီ ကိုရီးယားရဲ့​ဆောင်းတွင်းရာသီ နှင်း​တွေတဖွဲဖွဲကျဆင်း​နေ​လေသည်​...ဟန်​မြစ်​ကမ်းနား​ဘေးမှာ​တော့ ​ကျောင်းဝတ်​စုံပါးပါး​လေးကိုဝတ်​ဆင်​ထားတဲ့​ကောင်​​လေးတ​ယောက်​က​တော့ အ​အေးဒဏ်​ကိုအန်​တုရင်း ချစ်​သူလာရာလမ်းကို မှန်း​မျှော်​​နေ​လေရဲ့....

ည၁၀နာရီထိုးပီ.....

Chanyeolအရဲစွန့်​ပီး Krisထံသို့ဖုန်းစ​ခေါ်သည်​....အစကတည်းက​ခေါ်ဖို့လုပ်​​ပေမယ့်​ ကျွန်​​တော့်​​ကြောင့်​ hyungစိတ်​အ​နှောင့်​အယှက်​ဖြစ်​သွားရင်​ ဆိုတဲ့အ​တွေး​လေးနဲ့ပဲ ဖုန်းမဝင်​ခင်​ချချပစ်​လိုက်​တာဘယ်​နှစ်​ကြိမ်​​တောင်​ရှိပီမို့လို့လဲ....

"လူကြီးမင်း​ခေါ်ဆို​သောတယ်​လီဖုန်းမှာစက်​ပိတ်​ထားပါတယ်​ရှင်​..."

Bitter KissWhere stories live. Discover now