Dear Gentleman.......

9.9K 850 88
                                    

တစ်စုံတစ်ရာ ဟစ်ဟာသွားသလို ခံစားချက်မျိုး....။ မျက်လုံးတွေ ဖွင့်ကြည့်ဖို့ မတတ်နိုင်သည့်နောက် ပြန်အိပ်လိုက်ရသည်။ သေသေချာချာ နိုးလာသည့်အချိန်မှာ နေ့လည်တောင်ရောက်နေပြီ...။
ဘယ်တုန်းကမှ နေ့လည်အထိ သူအိပ်မောမကျသွားဖူးပါ..။
" ညက ငါ လချုပ် စာရင်းတွေ စစ်နေခဲ့တာပါ..."

အိပ်ယာက ထရင်း ရေချိုးခန်းဘက် ဦးတည်လိုက်သည်..။
Luhanလဲ အခုဆို ကျောင်းသွားလောက်ပြီ ထင်ပါရဲ့..။

ရေချိုး ပြင်ဆင်ပြီး အလုပ်စားပွဲနားရောက်မှ ကော်ဖီခွက်လေးကို မြင်တော့ ပြုံးမိသည်။
မာနကြီးလွန်းတဲ့ ကလေး...။ တစ်ခါမှ ချိုချိုသာသာ မပြောဘူး....။ ညက ကော်ဖီတောင် ဘာစိတ်ကူးနဲ့ ဖျော်တိုက်သလဲ.. မသိ။

စာရင်း စာရွက်တွေ ဟိုဆွဲ ဒီဆွဲနဲ့ လိုက်ကောက်ပြီး ထပ်နေတုန်း တစ်စုံတစ်ခု လက်နဲ့ ထိပြီး ပြုတ်ကျသွားသည်....။ သူ ကောက်ကြည့်လိုက်တော့ Video တိတ်ခွေလေးတစ်ခု...။ စာအိတ်လေးတစ်ခုက တိတ်နဲ့ ကပ်လျက်သား...။ ညက ဒီဟာ မရှိပါဘူး...။

စာအိတ်ကို ဖွင့်ကြည့်တော့ စာတစ်စောင်ထွက်လာသည်။

( ကျွန်တော် ကိုယ့်ကိုကိုယ် နားလည်ဖို့ တစ်နှစ်ကျော် ကြိုးစားခဲ့ရတယ် ....Wu Yifan
ခင်ဗျားကတော့ ဒီ မိနစ် ၂၀ စာ Video ကြည့်ပြီးသွားတဲ့ အခါ ကျွန်တော့်ကို နားလည်မှာပါ...)

အခြေအနေတစ်ခုကို နားလည်နိုင်ဖို့ Video ကို သူ အမြန်ဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။
Luhan... ကျေးဇူးပြုပြီး...ကိုယ်ထင်နေသလို မလုပ်လိုက်စမ်းနဲ့...။

ကြည်လင်ပြတ်သားသော ပုံရိပ်တစ်ခုက TV ဖန်သားပြင်မှာ ပေါ်လာသည် ...။ Luhan... ။

" ဘယ်က စပြောရမလဲတောင် မသိဘူး ....
ထားပါတော့လေ... တကယ်တော့ Fan Bing Bing က ကျွန်တော်တို့ လက်ထပ်တဲ့နေ့ မနက်က ကျွန်တော့်ဆီ လာသွားခဲ့တယ်... ခင်ဗျား သိရင် သိမလား မပြောတတ်ပေမယ့် .."

ကိုယ် သိပါတယ် ... ။

" ဟို... အဲ့ဒီ ခံစားချက်က နည်းနည်း အတ္တဆန်သွားလား မသိပေမယ့်... အာာ.. မဟုတ်သေးဘူး. အရမ်း အတ္တဆန်သွားတာ... ခင်ဗျားကို ဘယ်သူ့ကိုမှ မပေးလိုက်ချင်ဘူး ... Wu Yifan ..."

Dear Gentleman .......Where stories live. Discover now