PAGE 1.

2.2K 232 2
                                    

1998

12:00 A.M.

SEOUL မြို့၏ လမ်းမများမှာ တိတ်ဆိတ်ခြင်း အတိ။

မှောင်မိုက်သော လမိုက်ညတွင် လျှပ်နွယ်လျှပ်ပန်းတို့က တဂျိန်းဂျိန်း ။ လေကလည်း တဝူးဝူး ရှိနေသည်။

တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ခွေးအူသံနှင့်အတူ လမိုက်ညသည် ထိပ်လန့်ဖွယ် ရှိနေပေတော့သည်။

ထိုစဉ် .........

အလင်းရောင် ဖျော့တော့ကျိုးကျဲသာ လင်းသည့် MAGAE ရပ်ကွက် မိဘမဲ့ကလေးကျောင်းလေးတစ်ခု

ထိုစဉ် မှိန်ပျပျ အလင်းရောင်လေးအောက်တွင် အရိပ်မည်းတစ်ခုက ခြေတလှမ်းချင်းလှမ်းလာသည်။

ထိုသူသည် အရပ်ရှည်ရှည် ၊ ပိန်ပိန်ပါးပါး ဖြစ်၍ အနက်ရောင်ဝတ်ရုံရှည်ကြီးကို ခြုံထားသည်။
သူ၏ အမည်ကား Grahaem .........

အလင်းရောင်ဖျော့သော လမ်းမီးတိုင်တို့က လင်းတစ်ချက် မလင်းတစ်ချက်

သူသည် အိပ်ကပ်အတွင်းမှ ငွေမီးခြစ်နှင့် သဏ္ဍာန်တူသည့် အရာကို ထုတ်လိုက်သည်။ အဖုံးကိုဖွင့်၍ လေထဲတွင်မြှောက်ကာ ချောက်ကနဲ လုပ်လိုက်သည်။ အနီးဆုံး လမ်းမီးတိုင်မှ မီးသည် ဖျတ်ခနဲ ငြိမ်းသွားသည်။

သူက ချောက်ကနဲလုပ်တိုင်း မီးတိုင်တို့က တစ်ခုပြီးတစ်ခု ငြိမ်းသွားသည်။ နောက်ဆုံးတွင် MAGAE ရပ်ကွပ်သည် အမှောင်ကျလေတော့ပေ၏။

Mr.Grahaem ကလေးလေးတစ်ယောက်ကို ချီလာသည်။

ထို့နောက် ကလေးငယ်အား နမ်းရှုံလိုက်ပြီး မိဘမဲ့ကလေးကျောင်း တံခါးဝ၌ စာတစ်စောင်နှင့်အတူ ထားခဲ့တော့၏။

"ကံကောင်းပါစေ........."

သူက ခပ်ညည်းညည်းပြောသည်။ ထို့နောက် သူသည် ချာခနဲ လှည့်လိုက်ရာ ဝတ်ရုံကြီး ဝှီးခနဲ အဖြစ်တွင် သူမရှိတော့ချေ...

လေပြည်ညင်းက ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည်။ လမ်းသည် မှောက်မိုက်သော ကောင်းကင်အောက်တွင် ငြိမ်သက် သန့်ရှင်းနေသည်။

ထိုစဉ် ဂျိန်းခနဲ မိုးခြိမ်းသံနှင့်အတူ ကလေးငိုသံပါ ထွက်ပေါ်လာသည်။

Fany : Tae ya ...... ကလေးငိုသံကြားနေရတယ်

Tae : အေး ငါတို့ သွားကြည့်ရအောင်

Fany နှင့် Tae သည် မိဘမဲ့ကလေးကျောင်းမှ ကျောင်းအုပ်ဆရာမများဖြစ်ကြသည်။

သူမတို့မှာလည်း hogwarts ကျောင်းဆင်း မှော်ပညာတတ်မြောက်ကြသူများဖြစ်သည်။ သို့သော် သူမတို့နှစ်ဦးလုံး၏ မိဘများမှာ Devil တို့၏ တိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ထိုသို့ နှစ်ဂိုဏ်းကွဲနေသော မှော်လောကကို သူမတို့ စိတ်ပျက်၍ လည်းကောင်း၊ မိဘမဲ့တို့၏ ခံစားချက်ကို ကိုယ်ချင်းစာ၍ သော်လည်းကောင်း သူမတို့ ဤသို့ မိဘမဲ့ကလေးများကို တာဝန်ယူကာ Hogwarts သို့ ပို့၍ Devil တို့ကို တိုက်ခိုက်နိုင်မည့် Wizard များကို မွေးထုတ်ပေးရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

Fany က တံခါးဖွင့်လိုက်တော့

Tae : Oh~~~ ကလေးလေး

Fany : ဟယ် ဟုတ်ပါရဲ့ အဲ စာလဲပါလာတယ်

Tae က စာကို ကောက်လိုက်သည်။

Tae - O_O ဒါ Hogwarts ကျောင်းတံဆိတ်မလား

Fany : ဟယ် ဟုတ်ပါရဲ့ ဖတ်လိုက် Taengoo ......

Tae :

" Fany & Tae
I'm Professor Grahaem from Hogwarts

ဒီကလေးဟာ နောင်တစ်ချိန်မှာ Devil ကို တိုက်ခိုက်နိုင်မယ့် ကလေးပါ ။ အခု သူဟာ Devil ကို သတ်မယ့်သူမှန်း မှော်လောက က လူတွေ တော်တော်များများမသိသေးပါဘူး။ အခု သူ့မှာ အန္တရာယ်တွေ ရှိနေတယ်။ သူ့ကို သေချာ စောင့်ရှောက်ပေးပါ ။ သူ 12 နှစ်ပြည့်တဲ့နေ့ HAGWORTS ကို ပြန်ခေါ်ပါမယ် ။ ဒီအတောအတွင်း သမီးတို့ အစွမ်းရှိသလောက် ကာကွယ် ပေးပါ ............... "

Fany : O.O ဒါဆို သူက Devil ကို သတ်နိုင်မယ့်သူ ပေါ့

Tae : Mr.baeldeo ရဲ့ ဟောကိန်း အတိုင်းဆိုရင် သူဟာ လုံးဝ Devil ကို အောင်နိုင်လိမ့်မယ် ။ ဒါပေမယ့် ငါတို့ ဒါကိုလျှို့ဝှက်ထားရမယ်။
တကယ်လို့ Devil တွေသာ သိသွားခဲ့ရင် သူအန္တရာယ်ရှိတယ် .........

Fany : Okay ...... သူဟာ Devil ကို အောင်နိုင်မယ့်သူဆိုတာ လျှို့ဝှက်ထားကြစို့ ......

Tae က ကလေးငယ်ကို ထွေးပွေ့ရင်း အိမ်ထဲသို့ဝင်လာခဲ့၏။

****************************

PAGE.1 THE END ..................

90° BOW ...

EXO AND THE HOGWARTSDonde viven las historias. Descúbrelo ahora