PAGE. 4

1.8K 228 31
                                    

Fany : ငါတို့ ပိုက်ဆံအရင်ထုတ်ရမယ်

Fany က သူတို့ကို တစ်နေရာသို့ ခေါ်သွားသည်။

သူတို့သည် ငွေရောင်အသွေးနှင့် အဆောက်အအုံတစ်ခုစီသို့ ဦးတည်လာကြလေသည်။

ပြောင်လက်နေအောက် တိုက်ချွတ်ထားသော ကြေးတံခါးကြီးများ၏ဘေးတွင် ရွှေရောင်ဝတ်စုံ နှင့် သတ္တဝါတစ်ကောင် ရပ်နေသည်။

Kai : သူက

Xiu : ဂေါ့ဗလင် နတ်ပုလား

Fany : ဟုတ်တယ် အဲ့တာ ဂေါ့ဗလင်နတ်ပုပဲ

Fany က သူတို့အား ဦးဆောင်လျက် ကျောက်လှေကားထစ်ဖြူဖြူများကို နင်းတက်လျှောက်သွားကြသည်။ ဂေါ့ဗလင်များသည် Sehun တို့ထက် ခေါင်းတစ်လုံးကျော် နိမ့်၏။ သူ့တွင် ညိုမောင်းသော အသားအရေနှင့် ပါးနပ်လိမ္မာသော မျက်နှာ ၊ မုတ်ဆိတ်မွှေးတို့ ရှိနေသည်။

သူတို့၏ လက်ချောင်းများမှာ ရှည်သွယ်ကြသည်။ နှာခေါင်းမှာ ကောက်ကွေ့၍ ထင်ရှားသည်။

ကျောက်လှေကားထစ်ဖြူများကို ကျော်လွန်ပြီးသောအခါ ငွေရောင်တံခါးမကြီးကို ဖြတ်ရသည်။

ငွေတံခါးမကြီးကို ဖြတ်လိုက်သောအခါ ကြီးမားသော စကျင်ကျောက်ခန်းမထဲသို့ရောက်ရှိသွားကြလေတော့သည်။

ရှည်လျားသော ကောင်တာခုံကြီးနောက်မှ ခွေးခြေထိုင်ခုံရှည်များပေါ်တွင် ဂေါ့ဗလင်နတ်ပုများက ထိုင်လျက်၊ စာရေးသူက ရေး၊ ကြေးချိန်ခွင်ကြီးများဖြင့် ပိုက်ဆံများကို ချိန်သူက ချိန်နေကြသည်။

Baek : Wow! အကြီးကြီးပဲ

Chen : Imm

Fany က ကောင်တာသို့ ဦးတည်သွားသည်။

Fany : Annyeonghaseyo

Fany က အားနေသော ဂေါ့ဗလင်နတ်ပုတစ်ဦးကို နှုတ်ဆက်လိုက်သည်။
Fany : ပိုက်ဆံထုတ်ဖို့လာခဲ့တာပါ။ သူတို့မိဘတွေအားလုံး မသေခင်မှာ သူတို့ အတွက် ဒီမှာ ငွေတွေစုထားခဲ့ကြပါတယ်။ အခု Hogwarts ကျောင်းစရိတ်ကို လာထုတ်တာပါ။

နတ်ပု : သော့ပါခဲ့လား .........

Fany : Imm ရော့ ဒီမှာ

Fany က သော့ 12 ချောင်းပါ သော့တွဲတစ်တွဲကို ပေးလိုက်သည်။

နတ်ပု : ကောင်းပြီလေ ဒါပေမယ့် သုံးယောက်ချင်းစီပဲဝင်ရမယ် ။ လာ သွားကြစို့

Fany : Kyung Soo ya ~ Kim kai ~ Hunnie မင်းတို့အရင်သွားလိုက်

Soo : Nae Fany noona

Hun : 'Yehet

Kai : Nae !

နတ်ပုက တံခါးကို ဖွင့်ပေးသည်။ ကျောက်တုံးဖြင့် ပြုလုပ်ထားသော စင်္ကြံလမ်းကျဉ်းလေးထဲသို့ သူတို့ရောက်လာပြီး ကြမ်းပြင်တွင် အောက်သို့ဆင်းသည့် ရထားသံလမ်းကလေးကို တွေ့ရသည်။

ထိုစဉ် လှည်းငယ်ကလေး တစ်ခုက သူတို့ဆီသို့ တဂျောင်းဂျောင်းနှင့် ရောက်လာသည်။ သူတို့တက်လိုက်ကြပြီးနောက် လှည်းပြန်ထွက်သွားသည်။

အစတွင်မူ သူတို့သည် ကွေ့ကောက်နေသော လမ်းများကိုကျော်ဖြတ်လာပြီး အောက်ဘက်သို့ ရောက်လာသောအခါ အစောင့်နဂါးကြီးများ မန်ဖီနေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စင်္ကြံနံရံမှ တံခါးပေါက်တစ်ခုရှေ့သို့ရောက်လာသည်။

နတ်ပု : Kyung Soo Do ......

Soo : Here!

နတ်ပု : ဒါမင်းရဲ့ ဘဏ္ဍာတိုက်ပဲ ။ မင်း ဘယ်လောက်ထုတ်မှာလဲ

Soo : 1,000,000 Won

နတ်ပု : Ok ~

နတ်ပုသည် သော့ဖွင့်ပြီးဝင်သွားသည် ထို့နောက် Won ဆယ်သိန်းကို ယူလာပြီး Soo အား စာရင်းစာအုပ်နှင့်တကွ ပေး၏။

Soo စာရင်းစာအုပ်ကို ကြည့်လိုက်တော့ အံ့သြရသည် ။ သူတွင် လက်ကျန်ငွေ 990,000,000 Won လက်ကျန်ငွေရှိနေသေး၏။

Soo အဖို့ သူ့မိဘတွေ ဤမျှ ပိုက်ဆံကို သူ့အတွက် ချန်ရစ်ခဲ့မည်ဟု မထင်ခဲ့။

ထို့နောက် kai နှင့် Sehun ၊ ကျန်သောသူအားလုံးတို့၏ ငွေများကို ထုတ်ယူသောအခါတွင်လည်း အလားတူပင် Won 990 သိန်းကျန်သေးသည်ကို တွေ့ရသည်။

သူတို့လည်း ကျောင်းလခ။ ပစ္စည်းဝယ်ခ တို့ အလုံအလောက် ထုတ်ယူပြီးနောက် ဒိုင်ယာဂွန် ဈေးတန်းထဲသို့ဝင်ခဲ့သည်။

To Be Continued

90° Bow

You've reached the end of published parts.

⏰ Last updated: Apr 20, 2016 ⏰

Add this story to your Library to get notified about new parts!

EXO AND THE HOGWARTSWhere stories live. Discover now