First Sight

2.4K 291 10
                                    

Chapter-3

............................................................


Wu Yifan ​ခေါင်​မိုးထပ်​​ပေါ်မှာ ရပ်​​နေမိသည်​...

Science အချိန်​လစ်​ပြီး ဒီမှာ Cigarette ​တစ်လိပ်နဲ့ ​အေး​​ဆေးအနားယူ​နေတဲ့ အချိန်​​လေး ဟို​ကောင်​​တွေ​ကြောင့်​ ပျက်​စီးသွားတဲ့ အတွက်​ စိတ်​အ​နှောက်​အယှက်​ဖြစ်​သွားသည်​ ...

ကျစ်​!!

စိတ်​ပျက်​တယ်​!!

ဒါ​ပေမယ့်

စောက ​တွေ့ခဲ့တဲ့​ ကောင်​​လေးရဲ့ ပုံရိပ်​က သူ့မျက်​ဝန်းထဲမှာ မထွက်​သွား ...

Hk!

မင်း​တော်​​တော်​ ညို့ယူနိုင်​တာပဲ ယုန်​ပေါက်​​လေး

စိတ်​​တွေကို အတက်​နိုင်​ဆုံးပြန်​ထိန်းကာ အတန်းထဲသို့ပြန်​ရန်​ ​ခြေလှမ်း​တွေ ဦးတည်​လိုက်​သည်​ ...

ဒါမဲ့ တံခါးနားမ​ရောက်​ခင်​ လမ်းတစ်​ဝက်​မှာပဲ သူတစ်​ခုခုကို တက်​နင်းမိသလို ခံစားမိလိုက်​သဖြင့်​ ကြည့်​လိုက်​​တော့ ​​ငွေ​​ရောင် ​bracelet ​လေးတစ်​ခု...

သူ​ကောက်​ယူပြီး ​သေချာကြည့်​လိုက်​တယ်​ ...
Angel Wing ​လေးတစ်​ခုနဲ့
ရိုးရိုးရှင်းရှင်း​လေးသာ အလှဆင်​ထားတဲ့ Silver Bracelet ​လေးတစ်​ခု...

ယုန်​​ပေါက်​ရဲ့ လက်​​ကောက်​ထင်​တယ်​!

အစက​တော့ ပိုင်​ရှင်​ပြန်​လာရှာမှာပဲဆိုပြီး ​ထားခဲ့ဖို့ပြင်​လိုက်​​ပေမယ့်​ Bracelet ​ဘေးက သူကို သူ့အာရုံကို ဆွဲ​ဆောင်​​နေသလိုလို...

ဘာမှမစဉ်းစား​တော့ဘဲ လက်​​ကောက်​ကို ​​ဘောင်းဘီ အိတ်​ကပ်​ထဲထည့်​ကာ အတန်းဆီသို့ ဦးတည်​လိုက်​ပြန်​သည်​...

*************

Junmyeon ​ကျောင်း​ခေါင်​မိုးထိပ်​မှ ခပ်​သုတ်​သုတ်​ဆင်းလာခဲ့တယ်​ ...

'Wu Yifan'

သူတိုး​တိုး​လေး​ ရေရွတ်​လိုက်​တယ်

Dragon's Little BunnyWhere stories live. Discover now