Dating

2.3K 299 14
                                    

Chapter-7

~~~~~~~~~~~

အိပ်​ရာက ​ထလာကတည်းက မနက်​စာမစားပဲ

အခန်း​ရှေ့ကို ဖြတ်​​လျှောက်​လိုက်

ဧည့်​ခန်းထဲကို​ခေါက်​တုံ့​​ခေါက်​ပြန်​ ပတ်​​ပြေးလိုက်​ ​ရေချိုးခန်းထဲဝင်​လိုက်​နဲ့

တချိန်​လုံး ဂနာမငြိမ်​ဖြစ်​​နေတဲ့ သူရဲ့ သား ​အ​​မောင် ​Junmyeon ကိုကြည့်​ပြီး Kim Siwon လဲ ​တော်​​တော်​​လေး မျက်​စိ​​တော်​​တော်​​နောက်​​​လေ​နေပြီ...

တမနက်​လုံးမရိုးမရွဖြစ်​​နေတာ ဒီ​ကောင်​​လေး တစ်​ခုခု​တော့ တစ်​ခုခုပဲ...

ရုံးပိတ်​ရက်​​လေး အိမ်​မှာအနားယူပါတယ်​ သား​တော်​​မောင်​​ကြောင့်​ ခု​တော့ ​ခေါင်း​တွေမူး​နေပြီ...။

"သား Junmyeon, Breakfast လာစား"

ဆိုလိုက်​​တော့မှ Junmyeon ထမင်းဝိုင်းဆီလာပြီး ​ပေါင်​မုန့်​မီးကင်​ကို ကိုက်​စား​နေလိုက်​သည်​...

ဒါ​တောင်​မှ အငြိမ်​မ​နေ မျက်​လုံးက တိုင်​မှာ ကပ်​ထားတဲ့ နာရီကို ကြည့်​လိုက်​ သက်​ပြင်းချလိုက်​ တလှည့်​ နာရီကိုပြန်​ကြည့်​လိုက်​ လုပ်​​နေ​တော့ Siwon စိတ်​မရှည်​လာ​​တော့ပဲ

"Yah!! ဘယ်​လိုဖြစ်​​နေတာတုန်း"

အော်​လိုက်​​တော့မှ သူ့ကိုယ်​​လေးတွန့်​သွားကာ လန့်​သွားပြီး မတ်​တတ်​ရပ်​လိုက်​ရင်း...

"Appa~Appa...~! 8နာရီထိုးပြီ"

လက်​နှစ်​ဖက်​နဲ့ ဆံပင်​​တွေထိုးဖွပြီး ​ကြောက်​​နေသလို၊ စိတ်​ရှုပ်​​တေသလို ​ပြောလိုက်​တဲ့ Junmyeon ​ကြောင့်​ Siwon လန့်​သွားသည်​...။

"ဘာဖြစ်​လို့လဲ ၈နာရီထိုးတာပဲ"

Siwon ​ပြောလိုက်​​တော့ Junmyeon ထိုင်​ခုံ​ပေါ် ပြန်​ထိုင်​လိုက်​သည်​...

Junmyeon လက်​မကိုသွားနဲ့ တတိတိကိုက်​​​နေလိုက်​တယ်​...

သွားရမှာလား...???

မသွားရဘူးလား...???

သူ... သူက​ကော လာမှာမို့လို့လား...?

Dragon's Little BunnyWhere stories live. Discover now