Catching You

1.9K 292 10
                                    

Chapter-5

~~~~~~~~~~~

"Luhan ah ... ငါ့ လက်​​ကောက်​​လေး​တွေ့မိ​သေးလား"

စာသင်​ခန်းထဲကို ​ရောက်​ကတည်းက လွယ်​အိတ်​​တွေကို ဟိုလှန်​ရှာဒီလှန်​ရှာလုပ်​​နေတဲ့ Junmyeon

အခုလည်း ရုတ်​တရက်​ထအ​မေး​ကြောင့်​ Luhan ပါးစပ်​ထဲ ထည့်​ထားတဲ့ စုပ်​လုံးကို ထုတ်​လိုက်​ပြီး

"ဘယ်​လက်​​ကောက်​...? အွန်​ !!!! ဟိုလက်​​ကောက်​လား??"

သူ့မျက်​လုံးပြူးသွားသည်​... အဲ့ဒီလက်​​ကောက်​Junmyeon အတွက်​ သိပ်​ကိုအ​ရေးပါတဲ့ ပစ္စည်း​လေးပါ

ဘယ်​လို​​ပျောက်​သွားတာလား???

"ဟုတ်​တယ်​ Lu ငါ အိမ်​မှာလဲ ရှာမ​တွေ့ဘူး"

ပြောရင်းမျက်​ရည်​​တွေဝဲလာတဲ့ Junmyeon ​ကြောင့်​ Luhan , Junmyeon ​ရဲ့ ​ကျောကုန်း​လေးကို ပွတ်​​ပေးရင်း

"စိတ်​​အေး​အေးထားပြီး စဉ်းစားကြည့်​ပါ Junmyeonnieရယ်​ ​နေရာထားမှားတာလဲဖြစ်​နိုင်​တာပဲ"

Junmyeon ဖွဖွ​လေး သက်​ပြင်းချရင်း

"Imm ပါ Luhannie"

ခဏ​နေ​တော့ ဆရာဝင်​လာပြီး ​ကျောင်းသား​တွေနှုတ်​ဆက်​ကာ စာသင်​​နေလိုက်​ကြသည်​....

***********


Break Time အချိန်​​ရောက်​​တော့ Lockerခန်းဆီသွားရန်​ ​ စိတ်​ညစ်​ညစ်​နဲ့ ထွက်​လာခဲ့သည်

ကော်​ရစ်​တာ​​ရှေ့ Zombie လို​လျှောက်ရင်း လမ်းချိုး​နေရာ​ရောက်​​တော့ လူတစ်​​ယောက်​နဲ့ တိုက်​မိ​လေသည်​...

တိုက်​တဲ့ အရှိန်​ကမပြင်း​ပေမယ့်​ လူက ​လေတိုက်​တိုင်းယိမ်းဆိုသည့်​အတိုင်း ခပ်​နွဲ့နွဲ့ဆို​တော့ ပလပ်​​​​လန်​ကျမလို​တောင်​ဖြစ်​သွားတယ်​ :3

ကိုယ့်​ကို ပြန်​ထိန်းရင်းမှ တိုက်​မိတဲ့သူ့ကို ပြန်​​တောင်းပန်​ဖို့​မော့အကြည့်

Wu Yifan

သေပီ ​သေပြန်​ပီ!!

Junmyeon ရယ်​ မင်းမှာ တိုက်​မိတဲ့သူ​တောင်​ အာ့​လောက်​ရှားသလား!!!! ><

Dragon's Little BunnyWhere stories live. Discover now