Part - 2

359 30 3
                                    

" Overdose " Uni ရဲ့ Canteen တစ်​​နေရာမှာ...

Yeol - “  ဟာ…Taoမ နင်​ မညစ်ပတ်နဲ့ လေ… ရှံးပြီ ရှံးပြီ…ဟေး တို့ နိုင်တယ်ကွ…”

Tao - “ ဘာလဲ…ဘယ်သူရှံးတာလဲ? ငါမရှံးဘူးနော… Baek…Baek… ပြောဦးလေ”

Yeol နဲ့  Tao ကြားမှာ Baek ဘာပြောရမှန်းမသိ ဖြစ်နေသည်။

Yeol - “ ဘာလို့  မရှံးရမှာလဲ! ဒီမှာ နင်ပစ်လိုက်တဲ့မုန့် ”
Yeol က စားပွဲမှာရှိနေသည့် အမှိုက်ပုံးလေးထဲက မရွံမရှာ လိုက်စမ်းနေသည်။ လက်ထုတ်လိုက်တော့ ကိတ်မုန့် အပဲ့တစ်ခုပါလာသည်။

Yeol - “ ဒါလေ…ဒါဘာလဲ??? ဟဲ…ဟဲ… မုန့် နှစ်ခုနဲ့ Bubble Tea တစ်ခွက် ပြိုင်စားတာ နင် ငါ့လောက်မမြန်နိုင်ပါဘူး "

Tao - “ မဟုတ်ဘူး။ အဲဒါ ငါ့မုန့်  မဟုတ်ဘူး. ငါအကုန်စားပစ်တာ Baek မြင်တယ်…Beak”

Baek - “ ဟင်????”

Tao - “ ၀င်ပြောဦးလေဟာ”

Tao တမင်ညစ်နေမှန်းသိပေမယ့် ၀င်မပြောဘဲ နေပြန်လျှင်လည်း Tao ငြိုငြင်တာ မခံနိုင်သည့် Baek က Yeol ဘက်လှည့်သည်။ Yeol ကလည်း ပါးပြီးသား!

Yeol – “ ဟေ့ ဘယ်သူမှ ၀င်မပြောခိုင်းနဲ့ … ဒီမုန့့် က စောစောက ငါတို့ စားခဲ့တဲ့မုန့် ပဲ။ အစတည်းက မစားနိုင်မှန်းသိလို့ ၀င်မပြိုင်ဘူးပြောနေတာ သူပဲ ဖင်ခေါင်းကျယ်ပြီး… ခုမှတော့ မရဘူး။ ကတိအတိုင်း Canteen မှာ One Table “

Tao ခြေစောင့်ကာ ထရပ်သည်။

Tao - “ ငါနိုင်ရဲ့ သားနဲ့  သက်သက် အမှိုက်ပုံးထဲက မုန့် ကို ကောက်ပြပြီး အရှက်ခွဲတာ… အစုတ်ပလုပ် Yoda နင့်ကိုငါ မခေါ်တော့ဘူး ။ ငါ့ကို လုံးဝလာမခေါ်နဲ့ ”
Yeol-“ဟာ…Tao”

ညစ်နေကျအတိုင်း Tao ညစ်သွားသည်။
  ဘာပဲလုပ်လုပ် သူတို့  အမြဲပြိုင်ပွဲလုပ်တတ်တာ ငယ်ငယ်ကတည်းက အကျင့်။

အနားမှာ Baek က ဒိုင်လူကြီး။

မုန့် စားလည်းပြိုင်။ ကားမောင်းလည်းပြိုင်။ ရေကူးလည်းပြိုင်။ အတန်းထဲမှာလည်း အဆင့်ချင်းပြိုင်သည်။

ပြိုင်ပြီး Tao နိုင်​လျှင် Yeol ကျွေးသမျှ တစ်ဖြဲနှစ်ဖြဲ စားပြီး အေးဆေးပြီးသွားပေမယ့် သူမရှံးပြီဆို ဘယ်တော့မှ ၀န်မခံတတ်။ မရရအောင်ငြင်းသည်။

လေချွန်သံ‌ ကျောတစ်ခင်းစာWhere stories live. Discover now