Part - 4

281 24 3
                                    

Tao - “ ဟဲ့ … Yeol ကော… ”

Tao က ဘာမှမသိတဲ့တကယ့် ကလေးငယ်လေးနှယ်!!!

Baek က မျက်နှာမှုန်မှုန်ကြီးနှင့် ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။

Tao - “ Baek ငါမေးနေတယ်… Yeol ရောလို့! ”

Baek - “ ပြန်ပြီလေ … ပြန်သွားပြီ … နင်က အခုမှ ဘာမှမသိသလို လုပ်နေတာလဲ ”

Tao - “  ဟယ် … ဘာဖြစ်လို့လဲ ”

Baek တကယ်စိတ်တိုလာရသည်။

အတန်းထဲရောက်ပြိး ဘာကြာသေးလို့လဲ… Yeol  ဗိုက်နှိပ်ပြီး အိမ်သာပြေးသည်။

ပြန်ရောက်ပြီး မကြာ နောက်တစ်ခါ ပြေးရသည်။

ဘေးက သူငယ်ချင်းတွေက ရယ်တဲ့ကောင်ကရယ် … မေးတဲ့ကောင်ကမေး …

Baek တို့နှစ်ယောက် ဘယ်သူ့လက်ချက်ဆိုတာ သိရက်နဲ့ ကိုယ်ပဲအစားမှားလာသလိုလို Yeol လှိမ့်ခံနေရသည်။

နောက်ဆုံး အတန်းထဲပြန်မ၀င်တော့ဘဲ အပြင်ကနေ လွယ်အိတ်တောင်းကာ အိမ်ပြန်ပြေးရတဲ့အဖြစ်။

Tao - “  ဖြစ်ရလေ … Baek ရယ် … ငါလည်း အဲဒီလောက်ထိမရည်ရွယ်ပါဘူး … ငါလိုချင်တာက Yeol မဖြစ်မနေ Toilet ထဲ ပြေးရရုံလေး ”

Baek - “  ကောင်းပါတယ်နော် … ခင်ဗျားလေး အဲဒီအတိုင်းဆက်လုပ် အဆင်မသင့်ရင် ယပ်တောင်ပါ မှာနေရဦးမယ် ”

Tao - “  ဟယ် ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ … Baek  အစုတ်ပလုတ်ကောင် ပါးစပ်ပုတ်ကြီးနဲ့ ”

ဒီလိုကျတော့လည်း ပူတတ်လိုက်တာ သူ့အပြင် နှစ်ယောက်မရှိ …

အိမ်ပြန်ရောက်ကြတော့ လွယ်အိတ်ကို စလွယ်သိုင်းပစ်လွယ်ကာ Yeol အခန်းထဲ သူမပဲ အရင်ဆုံးပြေးဝင်သည်။

Yeol က ကုတင်ပေါ်မှာ ကွေးကွေးလေး …

LuLu  – “  Yeol အိပ်နေတယ် ပန်ဒါလေးရေ … သမီးသူငယ်ချင်း မနက်ကဘာတွေစားပြီး ဒုက္ခရောက်လာတယ် မသိပါဘူး … ပန်းကမ္ဘာထဲရောက်နေလို့ ဆရာဝန်တောင် ပင့်လိုက်ရသေးတယ် … ခုတော့သက်သာသွားပါပြီ … ”

Tao – “ ဟုတ် … ဟုတ် … ”

ဘေးမှာရပ်နေသည့် Baek ကို မလုံမလဲကြည့်ကာ Tao ပြုံးနေပုံက မချိသွားဖြဲကြီး။

လေချွန်သံ‌ ကျောတစ်ခင်းစာHikayelerin yaşadığı yer. Şimdi keşfedin