Part - 5

281 22 3
                                    

Yeol - " Tao ရော… "

Baek - " ထွက်သွားပြီ အစောကြီးကထဲက "

Tao တို့ခြံရှေ့မှာ ကားရပ်လိုက်ပြီးမှ ဟွန်းတီးတော့မယ့်လက်ကို Baek က ကိုင်ပြီးတားသည်။

Baek - " မင်း မနေ့က ဘာပြောလိုက်လဲ … Tao မင်းကို စိတ်ကောက်နေတယ်။ "

Yeol - " ဟင် "

ရုတ်တရက် စဉ်းစားမရဖြစ်သွားပြီးမှ Yeol ဟက်ခနဲ ရယ်မိသည်…

Yeol - " သြော် … သိပြီ ငါ သူ့ကို အပျင်းမလို့ စလိုက်တာ … "

Baek - "ကောင်းတယ် … မင်း ရအောင်ပြန်ချော့ပေတော့ … "

Yeol ကားမောင်းလာရင်း Baek ကို ငဲ့ကြည့်ကာ သက်ပျင်းချမိ၏

Yeol - " Baek "

Baek - " ပြော … "

Yeol - " မင်းကို Su Omma ပြောလား … "

Baek ကလည်း ချက်ချင်းသဘောပေါက်သည်။

Baek - " ပြောသားပဲ … "

နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။

တစ်ယောက်ရဲ့စိတ်ကိုလည်း တစ်ယောက်က သိနေသည်မို့ ရုတ်တရက် စကားစရန်​ ခက်နေကြသည်။

Yeol - " Baek "

Baek - " ပြောကွာ … "

Yeol - " Tao ကို မင်း ဘယ်လိုသဘောထားလဲ "

Baek- " ချစ်တယ် "

Yeol - " ဘာ... "

ကားက တုံ့ခနဲ့ ရပ်တော့မလို ဖြစ်သွားသည်။

Baek က ဘာဖြစ်တာလဲဆိုသည့် မျက်လုံးနှင့် လှမ်းကြည့်သည်။

သူနှင့် Baek အိမ်ချင်းကလည်း တစ်အိမ်ပဲခြားသည်။

တစ်​မိထဲ ပေါက်ဖွားလာသည့် ညီအကိုရင်းချာပမာ ချစ်ကြသည်။

ခုကိစ္စမှာလည်း မိဘတွေက သူတို့နှစ်ယောက်လုံး Tao အပေါ် သံယောဇဉ်ကြီးကြမှန်း သိလို့ ခေါင်းစဉ်မတပ်ဘဲ ဆွေးနွေးခွင့်ပေးထားသည်။

"ဘယ်သူနဲ့ လက်ထပ်ပေးမယ်လို့ Omma တို့ မပြောချင်ဘူး သားတို့ဆွေးနွေးကြလေ နှစ်ယောက်လုံး ခေါင်းခါတာတော့ မလုပ်ရဘူးနော်
Tao လေးကို Omma တို့ ချစ်တယ် သဘောလည်းကျတယ် ဒါပေမယ့် နှစ်ယောက်လုံး ဆန္ဒတူနေကြလို့ တစ်ယောက်က စိတ်ဆင်းရဲနေခဲ့ရင်လည်း မကောင်းဘူး ပြေလည်အောင် ညှိကြဦး " တဲ့...

You've reached the end of published parts.

⏰ Last updated: Apr 28, 2017 ⏰

Add this story to your Library to get notified about new parts!

လေချွန်သံ‌ ကျောတစ်ခင်းစာWhere stories live. Discover now