Prologue

3.4K 242 17
                                    

" ​ချောက်​ " ခနဲမြည်​သံနှင့်​အတူ တံခါးလက်​ကိုင်​ဘု​လေးတစ်​ခုရဲ့လှည့်​သံမှာ ပတ်​ဝန်းကျင်​တစ်​ခုလုံးကိုစိုးမိုးသွားသည်​ဟု ကျ​နော်​ခံစားရသည်​ ။ လူတစ်​​ယောက်​က သူ့​ရဲ့​ဘေးမှာတွယ်​တာစရာမရှိ​တော့သည့်​အခါ တံခါးဖွင့်​သံကအစ ဂရုပြုတတ်​လာကြသည်​ ။

တံခါးကိုဖွင့်​ပြီးလျှင်​ဖွင့်​ပြီးခြင်း လက်​ကိုင်​ဘုကိုကိုင်​ထားကာ ကျ​နော်​​နောက်​ဘက်​သို့လှည့်​ကြည့်​မိသည်​ ။ ​အစိုးမရတဲ့​တွေ​ဝေခြင်းတို့ကို လွန်​ဆွဲရင်း မျက်​စိ​ရှေ့မှတံခါးရွက်​ကို ​ဖြေး​ဖြေးခြင်းတွန်းဖွင့်​လိုက်​သည်​ ။

သစ်​သားကြမ်းပြင်​တို့မှာ ဖုန်​​တွေနှင့်​ ။ အိမ်​အတွင်းရှိ ပရိ​ဘောဂတို့မှာ အဖြူ​ရောင်​ညစ်​ညစ်​အဝတ်​များဖြင့်​ လွှမ်းခြုံခြင်းခံထားရသည်​ ။ တစ်​ခုတည်း​သော အမြင်​အာရုံကိုရရှိ​စေသည့်​ ပစ္စည်းက​တော့ နံပါတ်​လှည့်​တယ်​လီဖုန်း​လေးပင်​ဖြစ်​သည်​ ။

တယ်​လီဖုန်းတင်​ထား​သော ခုံပု​လေးနားကို ​လျှောက်​လှမ်းသွားရင်း မွန်းကြပ်​လာသည့်​ခံစားချက်ကို ဖုန်​​တွေ​ကြောင့်​ပါဟုအတတ်​နိုင်​ဆုံး လိမ်​ညာချင်​​သေးသည်​ ။ နံပါတ်​အဝိုင်း​လေး​တွေကြား လက်​​ချောင်းကိုထည့်​လိုက်​ပြီး တစ်​ချက်​လှုပ်​ရှားလှည့်​လိုက်​​တော့ " ဂျွင်​ " ခနဲမြည်​သံနှင့်​အတူ ဖျတ်​ဖျတ်​လတ်​လတ်​ရှိ​နေဆဲ ဖြစ်​သည်​ ။

အမှတ်​မရှိနှိပ်​မိ​သော နံပါတ်​တစ်​စုံ ။

အမှတ်​မရှိ​သော ​မျှော်​လင့်​ချက်​​တွေ ။

အမှတ်​မရှိ​သော ခံစားချက်​​တွေ ။

အမှတ်​မရှိ​သော ယုံကြည်​ခြင်း​တွေ ။

အမှတ်​မရှိ​သော အချစ်​ဟု​ခေါင်းစဉ်​တပ်​ခြင်း​တွေ ။

" လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ x x x x x "

ဘဝဆိုတဲ့အရာက ဘယ်​တုန်းကများစီစဉ်​ထားသလိုဖြစ်​လာခဲ့လို့လဲ ။ သို​ပေမဲ့ ဖြစ်​ပျက်​သွားသည့်​ ကိစ္စရပ်​များက​တော့ မထင်​မှတ်​ထားသည့်​အစီအစဉ်​နှင့်​ သိပ်​ကိုတိကျလွန်း​နေသည်​ ။

အဖြူ​ရောင်​ အကျည်းတန်​ပန်းငယ်​Where stories live. Discover now