အပိုင်း ၁

1.9K 217 12
                                    

" ငါ မိဘမဲ့တစ်​​ယောက်​ မဟုတ်​ဘူး ။ ငါမှာအ​ဖေ​ကော အ​မေ​ကောရှိတယ်​ ။ ဂျုံအင်း "

ကျ​နော့်​​ရှေ့မှခုံတွင်​ မျက်​နှာချင်းဆိုင်ထိုင်​​နေ​သော ဂျုံအင်း၏မျက်​နှာမှာ အံသြခြင်းများစွာဖြင့်​ ရှိ​နေသည်​ ။ ကျ​နော်​က​တော့ ဆိုင်​မှစားပွဲထိုး​လေးလာချ​ပေး​သော ဘလက်​ဖြစ်​​နေသည့်​​ကော်​ဖီ​လေးတွင်းသို့ နှို့မှုန့်​ သကြားရည်​တိုကို့ သင့်တော်​စွာထည့်​​မွှေ​နေသည်​ ။

ဂျုံအင်းက​တော့ ​ကော်​ဖီကိုမတို့ထိရ​သေး​ပေ ။ ကျ​နော်​က​တော့ ဇွန်းဖြင့်​​​ကော်​ဖီခွက်​ထဲ​မွှေ​နေ​သော​ကြောင့်​ ​ကြွေခွက်​သားနဲ့​ကြွေဇွန်းသားတို့ထိသံတို့က ကျ​နော်​တို့ကြားတိတ်​ဆိတ်​မှု့ကိုကြီးစိုး​နေသည်​ ။ မင်္ဂလာပွဲပြီး၍​ရောက်​လာ​သောသူဖြစ်​သည်​​ကြောင့်​ အ​နေအထိုင်​ကျဉ်းကျပ်​လှ​သော ဝတ်​စုံ​မှနက်​ခ်​တိုင်​ကို ခပ်​​ဆက်​ဆက်​ဆွဲဖြည်​​နေသည်​ ။

" မင်း တစ်​ချိန်​လုံးငါ့ကိုလိမ်​ညာ​နေခဲ့တာ​ပေါ့ "

" လိမ်​ညာတယ်​ ? အင်း ။ အဲသည်​လိုလဲ​တွေးနိုင်​တာဘဲ ။ ဒါ​ပေမဲ့ သနားတတ်​တဲ့မင်းက တကယ်​ဆိုငါ့ကို ဘာ​ကြောင့်​မိဘနှစ်​ပါးလုံးရှိ​နေပါရက်​နဲ့ မိဘမဲ့လို့​ပြော​နေခဲ့တာလဲလို့ အရင်​​မေးရမှာမဟုတ်​ဘူးလား ။ မင်းသိပ်​​ပြောင်းလဲသွားတယ်​​နော်​ "

ဂျုံအင်းက​တော့ ကျ​နော်​​ပေးသည့်​ထင်​မြင်​ချက်​ကို အလိုမကျစွာ မျက်​​မှောက်​​ကြုတ်​ပီး ပြန်​ကြည့်​​နေသည်​ ။ ကျ​နော်​နဲ့ပတ်​သတ်​တဲ့ အ​ကြောင်းအရာတစ်​ချို့အား စိတ်​ဝင်​စားဆဲရှိသည်​ဆိုသည့်​အချက်​ကို သူ့ဆီမှမြင်​လိုက်​ရသည်​နှင့်​ပင်​ ကျ​နော်​​ကျေနပ်​မိသည်​ ။

•••••••••••••••••••••••••••••••••••••••••••

မိဘမဲ့တစ်​​ယောက်​ပါလို့ ကျ​နော်ကိုယ်​ကို စတင်​မိတ်​ဆပ်​ခြင်းသည်​ အ​မေရိကားတွင်​ပညာသင်​အဖြစ်​ ​ရောက်​ရှိထဲကဖြစ်​သည်​ ။

ကျ​နော်​​အ​ဖေက ​ဒိုအုပ်​စုလုပ်​ငန်း၏ကုမ္ပဏီပိုင်​ရှင်​တစ်​ဦး ။ ကျ​နော့်​အ​မေက ဆိုလ်းကိုရီးယားအမျိုးသားတက္ကသိုလ်​၏ ပါ​မောက္ခချုပ်​တစ်​ဦး ။

အဖြူ​ရောင်​ အကျည်းတန်​ပန်းငယ်​Where stories live. Discover now