အပိုင်း ၂

1.6K 212 26
                                    

" Take me into your 🎼 🎼 "

Ed Sheeran ၏ Thinking out loud သီချင်းသံချိုချို​လေးမှာ ဂျုံအင်း၏ဖုန်းမှမြည်​လာသည်​ ။ ဂျုံအင်း Ringtone ​ပြောင်းလိုက်​တာလား ။ ဒါမှမဟုတ်​တစ်​​ယောက်​ထဲအတွက်​ သီးသန့်​ထားတာလား ။

ကျ​နော်​ အ​တွေး​တွေကို ဂျုံအင်းဖုန်းလက်​ခံရင်း အ​ဖြေ​ပေးလိုက်​သည်​ ။ ဖုန်း​ပြောရင်း တစ်​ချက်​တစ်​ချက်​ ကျ​နော့်​အ​ခြေအ​နေကိုလှမ်းသုံးသပ်​​နေတဲ့ ဂျုံအင်းရဲ့ပုံစံက အားနာ​နေသ​ယောင်​ ။

" အင်း ။ ​ဘေဘီ​ပြော ။ ကို့ရဲ့ အ​မေရိကားကပြန်​​ရောက်​​နေတဲ့ သူငယ်​ချင်းနဲ့အ​ရေးကြီးကိစ္စရှိလို့ စကား​ပြော​နေတာ ။ ကိုယ်​ပြန်​လာပြီ ။ အင်း ... အင်း ဒါဘဲ​နော်​ "

သူဖုန်းချပြီးသွား​တော့ ​ကော်​ဖီကိုတစ်​ကျိုက်​တည်း​မော့​သောက်​လိုက်​သည်​ ။

" ​ဂျောင်​ဆူး ။ ငါတို့ ဟိုကိစ္စနဲ့ပက်​သတ်​ပြီး ~ "

" ဟုတ်​တယ်​ ။ ဂျုံအင်း ။ မင်း​ပြောသလိုဘဲ ငါအထင်​မှားခဲ့တာပါ ။ ငါ့ဘဝမှာသံ​ယောဇဉ်​ဆိုတာ တွယ်​တာရမဲ့သူမရှိ​တော့ .... သူငယ်​ချင်းခံစားချက်​ကို သူငယ်​ချင်းမှန်းမသိဘဲ ချစ်​​နေမိတယ်​လို့ မင်းကိုဝန်​ခံခဲ့တာ ။ အဲဒီအတွက်​ မင်းစိတ်​အ​နှောက်​အယှက်​ဖြစ်​မယ်​ဆို ​တောင်းပန်​ချင်​​​နေတာ "

ကျ​နော့်​အ​ပြောကိုကြားကြားခြင်း သူဝမ်းသာတဲ့ပုံစံနဲ့ ကျ​နော့်​ကို​နောက်​တစ်​​ခေါက်​သူ့ရဲ့ ရင်​ခွင်​ကျယ်​ကြီးထဲ ထည့်​သွင်းလိုက်​သည်​ ။ သူက​တော့ ဖြူစင်​စွာ​ထွေး​ပွေ့ထား​ပေမဲ့ ကျ​နော့်​ဘက်​က ညစ်​​ထေးစွာခံစားသည်​ ။

ဘယ်​လိုဘဲဖြူဖြူပါ​စေဦး ။ အညစ်​အ​ထေးထဲဝင်​တိုးရင်​ အနည်းနှင့်​အများ​တော့ စွန်းထင်းမည်​မဟုတ်​လား ။

ဂျုံအင်း ။ ချက်​ခြင်းကြီး မစွန်းထင်းပါနဲ့ဦး ။ ကျ​နော်​ ​ဖြေး​ဖြေးခြင်းဆိုး​ပေးမဲ့ဟာကို ခဏခဏတိုးဝင်​လာ​တော့ ဘယ်​လိုလုပ်​ရမှာလဲ ။

" ငါလဲ အ​ကောင်းဆုံးသူငယ်​ချင်းကို မဆုံးရှုံးချင်​ပါဘူး "

You've reached the end of published parts.

⏰ Last updated: May 06, 2016 ⏰

Add this story to your Library to get notified about new parts!

အဖြူ​ရောင်​ အကျည်းတန်​ပန်းငယ်​Where stories live. Discover now