Episode 3

1.3K 108 1
                                    

မနက်စောစောမှန်ပြတင်းပေါက်မှ ၀င်ရောက်လာသော နေရောင်ခြည်နုနုလေးနှင့်အတူ ကျွန်တော့်ရဲ့ နေ့အသစ်ကို အားအင်အပြည့်နဲ့နိုးထလိုက်သည်။
ကျောင်းပိတ်ရက်ကျမှ ဒီမျက်လုံးက အစောကြီးနိုးပြန်ပြီ

ပျင်းရိစွာဆက်မအိပ်ချင်တော့သောကြောင့် ကုတင်ပေါ်ကဆင်းကာ ရေတခါတည်းတန်းချိုးလိုက်သည်။ ရေချိုးခန်းမှထွက်လာပြီးတော့ စိုစွတ်နေသောဆံပင်များကို တဘက်နဲ့သုတ်ရင်း မှန်ထဲမှာမြင်ရသော ကိုယ့်မျက်နှာကို ကိုယ်ကြည့်ပြီး ကျေနပ်စွာပြုံးမိသည်။

အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား ဖြစ်လာတော့မှ အရင်ကထက် ကိုယ့်ကိုကိုယ်ခန့်ညားအောင် နေတတ်လာသည်။ ဒါကြောင့်လဲကျောင်းထဲမှ မိနိးကလေးတိုင်းပါးစပ်ဖျားမှာ "Yunho" ဆိုတာ နာမည်ကြီးနေတာလေ။

Yunho ကိုစိတ်မ၀င်စားရင် အဲ့မိန်းကလေးရူးနေလို့ပဲလို့တောင် သတင်းတွေကြီးနေတာ ကိုယ့်တကျောင်းတည်းပင်မကပေ။

အားလုံးပြီးတော့ မနက်စာစားရန် အောက်ထပ်သို့ ကျွန်တော်ဆင်းလာခဲ့သည်။ မနက်ခင်းရဲ့ထုံးစံအတိုင်း ထမင်းစားခန်းမှ ရီသံလွင်လွင်လေးက ပျံ့လွင့်နေသည်။ Junsu ဆိုတဲ့ သတ္တဝါရဲ့အသံပဲပေါ့။ မနက်မိုးလင်းတာနဲ့ Omma နားကပ်ချွဲနေတတ်တာ အမြင်ကတ်စရာ။ ခုနကကြည်လင်နေသော ကျွန်တော့်မျက်နှာ သူ့အကြောင်းတွေးမိတော့ အလိုလိုမျက်မှောင်ကုတ်မိသည်။

"Yarr Yunho မနက်စောစော ရှိုးအပြည့်နဲ့ပါလား ဘယ်တွေသွားဦးမလို့လဲ"

"မင်းအပူပါလို့လား"

Omma က သူတို့၂ယောက်ကို သဘောကျပြီးရီနေသည်။

"ဒီကလေး၂ယောက်ကတော့ မနက်မိုးလင်းတာနဲ့ကို ဇာတ်လမ်းကစပြီ။ သားငယ် မနက်စာ ဘာစားမှာလဲ"

"ရတယ် Omma ရှိတာပဲပေး"

"Omma ပေါင်မုန့်ထောပတ်သုတ်လုပ်ပေးမယ် သား Suuie လေးက မင်းအစ်ကိုအတွက် ကော်ဖီဖျော်ပေးလိုက်နော်"

"Nae Omma"

ဟွန်း အသံကိုက အိညှက်အိညှက်နဲ့။ ခုလဲ Omma ရှေ့မှာ လိမ္မာချင်ယောင်ဆောင်ပြန်ပြီ။
ခဏကြာတော့ ကော်ဖီလေးတခွက် အငွေ့တထောင်းထောင်းနဲ့ ကျွန်တော့်ရှေ့ရောက်လာသည်။ မွှေးကြိုင်သောကော်ဖီနံ့က စိတ်ကိုပိုပြီးလန်းဆန်းစေသည်။ ခါးစိမ့်သောကော်ဖီအရသာကလည်း လည်ချောင်းထဲမှတဆင့်စီးဝင်သွားသည်။ ဒီကောင်ကော်ဖီဖျော်တာတော့ အရမ်းကောင်းပဲ။
သူ့မျက်နှာကိုကြည့်မိတော့ ကုနြေ္ဒရရပင် သူ့ကော်ဖီခွက်လေးကို ခေါင်းငုံ့သောက်နေသည်။

Because of Love (Completed)Where stories live. Discover now