Episode 4

1.1K 97 0
                                    

အားကစားဝတ်စုံ အစိမ်းရောင်ကိုဝတ်ပြီး မှန်ထဲမှကိုယ့်ကိုကိုယ် သေချာကြည့်နေမိသည်။

'Fighting Yunho ဒီနေ့ငါနိုင်ကိုနိုင်ရမယ်'

အ၀တ်လဲခန်းမှထွက်ခါနီး ကျွန်တော့်လိုပင် အစိမ်းရောင်ဝတ်စုံနှင့် Changmin ကိုတွေ့ရသည်။ ကျွန်တော့်ကိုမြင်တာနဲ့ Changmin ကခေါင်းငုံ့ကာ ရှောင်ထွက်သွားသည်။

ဒီနေ့ A တန်းနဲ့ B တန်းရဲ့ Basketball ပြိုင်ပွဲ
ကျွန်တော်တဖက်အသင်းက အနီရောင်ဝတ်စုံနဲ့ Junsu ကိုစူးစူးရဲရဲစိုက်ကြည့်မိသည်။ ဒင်းကထုံးစံအတိုင်း အပေါင်းအသင်းတသိုက်နဲ့ ရီမောကာ စကားပြောနေလေရဲ့။

ပွဲစပြီးမကြာမီပင် ကျွန်တော်တို့ဘက်က စတင်အသာစီးရလာသည်။ ကျွန်တော်က စာသာသိပ်မတော်တာ အားကစားကတော့ အရမ်းထူးချွန်သည်။ တဖက်အသင်းကလဲ အားကစားသမားကောင်းများရှိပါသည်။ ဒါပေမယ့် ကျွန်တော့်ကိုတော့မမှီပါ။

"Junsu ကွ"

တချီမှာတော့ Junsu ပစ်လိုက်သော ဘောလုံးက ပိုက်ထဲတန်းဝင်သွား၍ တဖက်အသင်းမှတခဲနက်အားပေးသံက တကွင်းလုံးဆူညံသွားသည်။ ကျွန်တော်သွင်းလိုက်တုန်းကတောင် အဲ့လောက်အားပေးသံမဆူညံပါ။ Changmin ဒီကောင်ကလဲ သူ့အသင်းဘက်ကမဟုတ်ပဲ ပြုံးနေတာမျက်နှာက။

ကျွန်တော် Junsu နားသို့ပြေးကပ်လိုက်ပြီး ဘောလုံးလုသလိုနဲ့ သူ့ပုခုံးကိုတရှိန်ထိုးတိုက်ချလိုက်သည်။ Junsu ရဲ့နာကျင်စွာအော်သံနဲ့အတူ ဒိုင်လုပ်တဲ့ အားကစားဆရာရဲ့ အချက်ပေးဝီစီသံကို ကြားလိုက်ရသည်။ အပြစ်ပေးခံရလဲ ခံရပါစေ။ သူ့ကိုအခုလိုနာကျင်အောင် လုပ်ရ၍ ကျေနပ်မိသည်။

"Yunho ဘယ်လိုလုပ်လိုက်တာလဲ ကျောင်းသားအချင်းချင်းနာကျင်အောင် မလုပ်ရဘူးလေ"

"ဆရာကျွန်တော်ရပါတယ် မတော်တဆဖြစ်သွားတာပါ သူတမင်လုပ်တာမှမဟုတ်တာ"

ကျွန်တော်ပြန်မဖြေခင်မှာပင် သူက၀င်ပြောတော့ ကျွန်တော့်သူ့ကို အံ့သြစွာကြည့်မိသည်။ ပခုံးကိုလက်တဖက်နဲ့ဖိပြီး နာကျင်နေတာတောင် အပြုံးမပျက်ပါ။ ကျွန်တော့်စိတ်ထဲတမျိုးဖြစ်သွားပြီး တောင်းပန်မလို့လုပ်ပြီးမှ ဘေးမှစိုးရိမ်ပူပန်နေတဲ့ Changmin မျက်နှာကိုမြင်ရသောအခါ...

Because of Love (Completed)Where stories live. Discover now