Episode 11

1.3K 101 0
                                    

လွန်ခဲ့တဲ့ ၂ပါတ်ခန့်က Park Co.ltd သို့ အရပ်ခပ်မြင့်မြင့်နှင့် ကောင်ချောလေးတယောက် ရောက်လာခဲ့သည်။ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားပုံက လုပ်ငန်းရှင် သူဌေးပေါက်စလေးလိုလို။

"သူဌေး Park နဲ့တွေ့ချင်လို့ပါ"

အတွင်းရေးမှူးကောင်မလေးက ထိုလူချောကို တချက်ငေးမိသွားပြီးမှ သတိပြန်ဝင်လာသည်။

"ကြိုတင်ချိန်းထားသေးလားရှင့်"

"မချိန်းထားပါဘူး ဒီကိုတန်းလာခဲ့တာ"

"ဒါဆိုရင်တော့ ခက်ခဲပါလိမ့်မယ် သူဌေးမှာချိန်းထားတဲ့ကိစ္စတွေ အများကြီးပဲရှင့်"

လူငယ်ကစိတ်ရှုပ်သလို ဆံပင်ကိုလက်နဲ့တချက် ထိုးဖွလိုက်သည်။ ကောင်မလေး ငေးသွားပြန်သည်။

"သူဌေး Park ကိုအခုဖုန်းခေါ်ပြီး ပြောပေးလို့ရမလား ကျွန်တော် Kim Junsu နဲ့ပတ်သတ်တဲ့ကိစ္စကြောင့် လာတွေ့တာပါ"

အတွင်းရေးမှူးမလေးလဲ သူဌေးကိုဖုန်းဆက်ကြည့်တော့ သူဌေးကချက်ချင်းပင် အစည်းအဝေးကိုဖျက်ပြီး အတွေ့ခံခဲ့သည်။

အရှေ့တွင်ထိုင်ကာ ကော်ဖီကိုငုံ့သောက်နေသော လူငယ်ကိုကြည့်ပြီး သူဌေးPark စိတ်ထဲတွင် ရင်းနှီးနေသလိုလို။

"Junsu နဲ့ပတ်သတ်တဲ့ကိစ္စဆိုတာက--??"

သူဌေး Park စကားစလိုက်တော့မှ လူငယ်လေးမှ တချက်ပြုံးလိုက်ရင်း

"ကျွန်တော့်နာမည် Kim Junho ပါ။ Pacific Hotel ပိုင်ရှင်ပါ"

Pacific Hotel ဆိုတာ နာမည်ကြီး 5 Stars Hotel ပဲလေ။ ပိုင်ရှင်သူဌေးက အသက်ငယ်ငယ်လေးဆိုတာတော့ သိတယ်။ ဒီလောက် ငယ်ငယ်ချောချောလေး ဖြစ်နေမယ်မထင်။

"ကျွန်တော်က Kim Junsu ရဲ့အစ်ကိုအရင်းပါ"

သူ့ရဲ့နောက်ဆက်တွဲစကားကြောင့် သူဌေး Park အံ့ဩသွားရသည်။ Junsu ကအစ်ကိုရှိနေတာလား။

"ငါတို့ Junsu ကိုမွေးစားတုန်းက ရွာလေးတရွာကပါ။ သူ့အဖေနဲ့အမေက ဆုံးသွားပြီလေ"

"ဟုတ်ပါတယ် ကျွန်တော်တောင် Omma Appa ဆုံးတာနောက်ကျမှသိတာ ကျွန်တော့်ကို ငယ်ငယ်လေးတည်းက အဒေါ်ကမွေးစားလိုက်တာ အဒေါ့်သားလေးက မွေးမွေးချင်းဆုံးသွားတာလေ Omma ကျွန်တော့်ကိုမွေးတော့ အဒေါ်ကတောင်းလိုက်တာ ပြီးတော့ပြန်ပေးရမှာစိုးလို့ မြို့ပေါ်ပြောင်းသွားတာ"

Because of Love (Completed)Where stories live. Discover now