ဆိုဂျုး ပုလင်းတစ်ချို့က ထောင်လျက်.... လဲလျက်...။
စီးကရက် အပိုင်းအစတစ်ချို့က ဟို တစ်စ သည်တစ်စ..။TV ဖန်သားပြင်မှ ရုပ်ပုံတို့အား စူးစိုက်ကြည့်လျက်ရှိသော.. မျက်လုံးတို့သည်... တင်းမာလျက်...။ တစ်ပြိုင်နက်တည်းမှာပဲ.. အားငယ်လျက်....။
ရယ်ပြုံးလျက် ရှိသော... အမျိုးသားသyည်... သိမ်မွေ့နူးညံ့စွာလှပသည့်.. အမျိုးသမီး၏ ဘေးတွင် .. ဧည့်သည်များအား နှုတ်ဆက်နေသည်..။
ကုမ္ပဏီကြီးတစ်ခု၏ နှစ်ပတ်လည် ညစာ စားပွဲ...။မှောင်ရိပ်ထဲမှ... နှုတ်ခမ်းပါးတို့က .. ခပ်မဲ့မဲ့ ပြုံးသွားကြသည်...။
ရက်တော်တော်ကြာ... ထမင်းစားခဲ့ပုံမရသော.. ခန္တာကိုယ်က အားနည်းလာနေသည်...။ အနည်းငယ် အားယူကာ... TV ကို ထပိတ်ရန် ကြိုးစားမိသည်...။
ဆက်ကြည့်နေနိုင်သည့် အင်အားလဲမရှိတော့...။ ပြိုလဲသွားသော ကိုယ်က.. ကြမ်းပြင်ပေါ် ထွေးပွေ့သူ ကင်းမဲ့လျက်.. ကျသွားခဲ့သည်...။ ဆိုဂျုးပုလင်းတွေအား တိုက်မိကာ လဲကျသံများ.. ပေါ်ထွက်လာခဲ့သည်...။
ကျွန်တော် နာနာကျင်ကျင် ရယ်မောမိသည်...။ ရင်ဘက်တစ်နေရာက တဆစ်ဆစ် ကိုက်နေသည်...။
ဒီလို အခြေအနေပေါင်းများစွာ... ထပ်ခါတလဲလဲ ဖြတ်ကျော်ခဲ့ပြီးသား မဟုတ်လား...။အမှန်ဆို... ကျွန်တော် အလေ့အကျင့် ဖြစ်သွားရတော့မှာလေ...။
ဘယ်လို ဖြစ်နေရတာလဲ.. ကျွန်တော်က... ။အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပြီးသည့်တိုင်... ထို မိန်းမနဲ့ အတူ သူ့ကို တွဲမြင်နေရသည့် အခါတိုင်းက ကျွန်တော့်အတွက် ငရဲပဲ ဖြစ်သည်...။
တံခါးခေါက်သံ ခပ်တိုးတိုးနဲ့အတူ.... အိမ်တော်ထိန်း ဦးလေး၏ အသံ ထွက်ပေါ်လာသည်..။
" .... Luhan... ထမင်း နည်းနည်းဖြစ်ဖြစ်... စားလိုက်ပါဦး... သား.. "
ကျွန်တော် အခုချိန် လိုအပ်နေတာ ထမင်းမှ မဟုတ်ပဲ...။
မသိကြဘူးလား.....။ သိပ်ညံ့တာပဲ...။" ခေါ်ပေး...!! Wu Yifan ကို !! အခုချက်ချင်း.. ! "
"...... "
" မလုပ်နိုင်ဘူးမလား ! .. သွားတော့.. ! အဲ့ဒီလို မလုပ်ပေးနိုင်ဘဲနဲ့... !!! "