ခ်စ္လွစြာေသာ........

10.3K 846 101
                                    

မမျှော်လင့်ပဲ တွေ့လိုက်ရသည့်... အိမ်တော်ထိန်းဦးလေးအား.. ကျွန်တော် တင်းကျပ်စွာပွေ့ဖက်လိုက်မိသည်.... ။

" Luhan...သား ဘယ်တုန်းက ပြန်ရောက်နေသလဲ.. "

ကျွန်တော် ဦးလေးအား ကော်ဖီဆိုင် တစ်ခုသို့ ဆွဲခေါ်လျက်.... စကားပြောဖြစ်ခဲ့သည်... ။
လှိုက်ခနဲ ဖေဖေ့အား.. သတိရလာသည့်အခါ.. ကျွန်တော် ထိန်းထားသည့်ကြားက မျက်ရည်ကျမိသည်...။

" အားလုံး.. အဆင်ပြေရဲ့လား.. Luhan... "

ယေဘုယျ ထို မေးခွန်း၏ ရည်ရွယ်ချက်သည်.. သူ့အား ရည်ညွှန်းချင်နေသည့် အကြောင်း.. ကျွန်တော် ရိပ်မိသည်...။
အသာပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်... ။

" တကယ်တော့... အေးလေ... ကြာခဲ့ပါပြီ
သားလဲ သိရင် သိပြီး ဖြစ်မှာပါ... ဥက္ကဌကြီး.. ဆုံးသွားတဲ့ အချိန် Yifan ရှိမနေခဲ့ရင်..... "

သက်ပြင်းချလျက်.... စကားစအား.. ဖြတ်ကာ... မှိုင်းဝေသော မျက်လုံးများဖြင့်... ကျွန်တော့် အား ငေးကြည့်သည်.... ။

" .... ဥက္ကဌကြီးရဲ့ ကုမ္ပဏီကို ကယ်ဖို့.. Yifan ဘာလုပ်ခဲ့သလဲ.. သိလား... "

ကျွန်တော် မျက်မှောင်ကြုတ်လျက် ဦးလေးအား စိုက်ကြည့်မိလိုက်သည်... ။
ဦးလေး ပြောပြနေသည့်...
တိုးညင်းလိုက် ကျယ်လာလိုက် ဖြစ်နေသော စကားသံများသည်... ကျွန်တော့် သွေးခုန်နှုန်းအား.
. တဒိတ် ဒိတ် တိုးလာစေသည်.... ။

ဘုရား ဘုရား..... ။ ကော်ဖီဆိုင်တွင်း.. တစ်ဖက်နံရံရှိ မှန်ထဲမှ ကျွန်တော့်ကို ကျွန်တော် အံ့ဩနာကျင်စွာ... စက်ဆုပ်စွာ ကြည့်လိုက်မိသည်... ။

" ကျွန်တော်.... ကျွန်တော်ပဲ မသိခဲ့တာပေါ့.... .... "

ကျွန်တော့် အတွက် သူ စတေးခဲ့သည့် မင်္ဂလာပွဲအတွက်... ကျွန်တော် ပြဿနာရှာသည့်အခါတိုင်း ဒီအတိုင်း... ရေငုံ နှုတ်ပိတ် ငြိမ်နေခဲ့တယ်ပေါ့.... ။
ဦးလေးက ကျွန်တော့်ကို သနားစရာသတ္တဝါလို ငေးကြည့်နေခဲ့သည်... ။

" သူ.... ဘယ်အချိန်တည်းက ကျွန်တော့်ကို သိနေခဲ့တာလဲ... "

" သား အထက်တန်းကတည်းက.... "

•••

သိပ်မခိုင်ချင်တော့သော ခြေလှမ်းများဖြင့်... ကားထဲ မည်သို့ မည်ပုံ ရောက်လာခဲ့သည် ကျွန်တော်မသိ.... ။
အယောင်ယောင်အမှားမှားဖြင့်.... ကျွန်တော့်လက်များက ဖုန်းနံပါတ်တစ်ခုအား.... နှိပ်မိတော့မလို.....။

ခ်စ္လွစြာေသာ......Where stories live. Discover now