ခ်စ္လွစြာေသာ.........

5.9K 641 16
                                    

၃ နှစ်ဆိုတဲ့အချိန် အတိုင်းအတာက ကျွန်တော့်ရဲ့ လွမ်းဆွတ်တမ်းတခြင်းတွေကို လျော့ပါးမသွားစေဘူး...။
လက်ထဲက စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ကွာရှင်းပြတ်စဲခြင်း ဆိုတဲ့.. သတင်းစာဖြတ်ပိုင်းကို ကျွန်တော် စူးစိုက်ကြည့်မိသည်...
ကျွန်တော် L.A ကို ရောက်ပြီး.. ၂နှစ်အကြာမှာ.. ထို သတင်းစာဖြတ်ပိုင်းထည့်ထားတဲ့ စာအိတ်ရောက်လာခဲ့သည်...။ တစ်ခြား.. ဘာစာတစ်လုံးမှ မပါခဲ့...။

Wu Yifan ဆိုသည့် လူဟာ.. အခုအချိန်ထိ... ယုံကြည်မှုတွေ အစွန်းရောက်နေတုန်းလား...။

ဒီ စာရွက်လေး မြင်ရုံနဲ့ ကျွန်တော်က ချက်ချင်းပဲ.. သူ့ဆီ ပြန်လာမယ်လို့ သူ မျှော်လင့်ကောင်း... မျှော်လင့်နေလောက်သည်... ။ ကျွန်တော် သူ့ဆီက ထွက်ပြေးခဲ့တဲ့ အကြောင်းတရားက သူ့မိန်းမနဲ့ နည်းနည်းမှ မပက်သက်ဘူး...ဆိုတာ.. သူ သဘောမပေါက်ဘူး.. ထင်ပါရဲ့...။

ခင်ဗျားကို ချစ်ခြင်းနဲ့ သနားခြင်းကို ခွဲခြားနားလည်စေချင်တာ.....။

•••

၂၃နှစ်ဆိုတဲ့ ကျွန်တော့် အသက်အရွယ်မှာ... နှလုံးသားဟာ.. ဦးနှောက်ရဲ့ ..ဆုံးဖြတ်ချက်တိုင်းကို နာခံတတ်စ ပြုလာသည်.... ။
စူးစူးနင့်နင့် ...နာကျင်ခဲ့ရဖူးတဲ့ အမှတ်တရတွေကို.. လွမ်းမိတဲ့အခါလဲ.. ခပ်အေးအေး ပြုံးရင်း... ကျွန်တော် ထိန်းချုပ်တတ်လာသည်...။

ဝေးကွာနေခဲ့တဲ့ Beijing ရဲ့.. အငွေ့အသက်တွေထဲမှာ.. ကျွန်တော် အတိတ်ကို ခဏတော့.. ပြန်ငေးကြည့်မိပြန်ရဲ့...။

လေဆိပ်က ဆင်းဆင်းချင်း.. ကျွန်တော် ကုမ္ပဏီကို ...တန်းသွားရသည်...။ ပင်ပန်းလာသည့်.. လူက နွမ်းနေပြီ..။.. သို့သော်လဲ.. ကျွန်တော့်ကို တွေ့ဖို့.. စောင့်နေသည့်.. ဖေဖေ့မိတ်ဆွေ.. ရှယ်ယာရှင်များအား...
အားနာစရာကောင်းသဖြင့်... ကုမ္ပဏီကိုပဲ လာခဲ့လိုက်ရသည်....။

ပြန်စရာ အိမ်ပင် မရှိသည့်.. ကျွန်တော့်အဖြစ်ကို သတိရသွားသည့်အခါတော့.. စိတ်ပျက်လက်ပျက်ပင် ရယ်မောမိပြန်သည်...။ ကုမ္ပဏီမှာပဲ အိပ်မှ.....။

•••

တဖြည်းဖြည်းတိုးလာသည့်... ဓာတ်လှေကား၏ အထပ် အရေအတွက်များသည်...ကျွန်တော့် နှလုံးခုန်သံကို တဆ တဆ ကျယ်လောင်လာစေသည်....။ .. ဒါဟာ.. စိတ်လှုပ်ရှားနေခြင်း ဟု.. ကျွန်တော် မလိမ်လို...။

ခ်စ္လွစြာေသာ......Where stories live. Discover now