Episode 3

1.5K 123 3
                                    

Taehyung's pov

ဆိုင်​မှာ အလုပ်​လုပ်​ခဲ့လို့ ပင်​ပန်းမယ်​ထင်​ပြီး ​စော​စောအိပ်​ရာဝင်​မိပါတယ်​.... အခုထိ အိပ်​လို့က မ​ပျော်​​သေး.... ဟိုဘက်​လှည့်​ ဒီဘက်​လှည့်​နဲ့ အိပ်​လို့​ပျော်​​အောင်​ ​စောင့်​​​ပေမယ့်​လည်း လုံးဝ အိပ်​လို့မ​ပျော်​.... ​နောက်​ဆုံး ပက်​လက်​ အ​နေအထားနဲ့သာ​နေပြီး သက်​ပြင်းတစ်​ချက်​ချ ၊ နံရံ​ပေါ်က နာရီကို ကြည့်​လိုက်​​တော့ 12:45.... ဒီ​နေ့ကျမှ ဘာဖြစ်​လို့ အိပ်​မ​ပျော်​ပါလိမ့်​!

ကျွန်​​တော်​ စိတ်​တိုတိုနဲ့ ခုတင်​​ဘေးနားက စားပွဲခုံ​ပေါ်က ဖုန်းကို လှမ်းယူလိုက်​တယ်​။ ဖုန်းကြည့်​​နေတုန်း ရုတ်​တရက်​ ​ခေါင်းထဲ အ​တွေးတစ်​ခု ​ရောက်​လာတာက​တော့.... ဒီ​နေ့ အိမ်​ကို ပြန်​လာတုန်းက အဖြစ်​အပျက်​ပါပဲ.... ကျွန်​​တော်​ ဘယ်​ဘက်​ရင်​အုံကို တစ်​ချက်​စမ်းကြည့်​​တော့ ဘာမှ မထူးဆန်း၊ ပုံမှန်​ပါပဲ။ "အဲ့တုန်းက ဘာဖြစ်​သွားပါလိမ့်​?" ​ပြောပြီး ဘယ်​​ဘက်​ တစ်​ချက်​လှည့်​လိုက်​တယ်​။ ​သေချာပြန်​စဉ်းစားကြည့်​ရင်​ ကျွန်​​တော့်​ကို အဲ့လို တင်းတင်းကြပ်​ကြပ်​ဖက်​တာကို ခံရဖူးတာ ဒါပထမဆုံးပါ။ ငယ်​ငယ်​တုန်းက​တော့ အ​မေအ​ဖေ​တွေ ဖက်​တာခံဖူး​ပေမယ့်​လည်း ကျွန်​​တော်​ ခံစားရပုံချင်းက မတူဘူး။ သူတို့ဖက်​တုန်းကဆို ကျွန်​​တော်​က က​​လေးချွဲသလို ဂျီကျပြီး ဖက်​ခိုင်း​နေခဲ့ကျ ၊ ဒါ​ပေမယ့်​လည်း အခု Hana ဖက်​တာက.... ကျွန်​​တော်​ ဆက်​မ​တွေး​တော့ဘဲ ​ခေါင်းကိုသာ အတင်းခါရမ်းပြီး ​စောင်​ကို ​ခေါင်းထိခြုံလိုက်​တယ်​။ အခုမှ သတိထားမိတာက​တော့ နှလုံးခုန်​သံ​တွေ မြန်​​နေတယ်​ဆိုတာပဲ..... "Aish! Kim Tae Hyung! မသိဘူး မသိဘူး။" ဆိုပြီးသာ မျက်​လုံးနှစ်​ဖက်​ကို အတင်းစုံမှိတ်​ပြီး အိပ်​စက်​ချင်းဆီ မနည်းလာခဲ့လိုက်​ရ​တော့တယ်​။

မနက်​မိုးလင်း​တော့ ပုံမှန်​အတိုင်း မျက်​နှာသစ်​သွားတိုက်​ပြီး ​အောက်​ထပ်​ဆင်းလာခဲ့တယ်​။ "အမယ်​ Tae Hyung တို့က ဒီ​နေ့ uni လည်း မရှိဘဲ ​စော​စောထ​နေပါလား" အ​မေက ကျွန်​​တော့်​ကို ​တွေ့​တော့ မီးဖို​ချောင်​ထဲက​နေ လှမ်း​ပြောတယ်​​လေ။ ကျွန်​​တော်​လည်း အ​မေ့ဆီသွားပြီး​တော့ ​နောက်​က​နေ ဖက်​လိုက်​တယ်​။ "ခဏ​နေရင်​ မနက်​စာ ရပြီ သား။ ​ရှေ့မှာ ခဏ​စောင့်​လိုက်​" ကျွန်​​တော်​လည်း ​ခေါင်းငြိမ့်​၊ အ​မေ့ပါးကို တစ်​ချက်​နမ်းပြီး ထွက်​လာလိုက်​တယ်​။

If You WishWhere stories live. Discover now