Episode 8

1K 94 1
                                    

Hana's pov

"သမီး Hana ဒီမှာ ခဏလာထိုင်​... appa​ပြောစရာရှိတယ်​။" ကျွန်​မ uni သွားခါနီး အ​ဖေက ​ခေါ်လိုက်​တာပါ။ ကျွန်​မလည်း အ​ဖေ့​ရှေ့က sofa မှာ ထိုင်​ပြီး အ​ဖေ​ပြောတာကို ​စောင့်​​နေလိုက်​တယ်​။

"သမီးကို အ​ရေးကြီးတဲ့ ကိစ္စ appa ​ပြောမလို့..."

"Nae appa"

"သမီးလည်း appa တို့ ကုမ္ပဏီ အ​ခြေအ​နေကို သိတယ်​မလား.... အဲ့တာကို appa သူငယ်​ချင်းတစ်​​ယောက်​က ကူညီမယ်​တဲ့... သူတို့ ကုမ္ပဏီနဲ့ appa တို့ ကုမ္ပဏီနဲ့ကို ပူး​ပေါင်းပြီး ​ရှေ့ဆက်​ ​ဆောင်​ရွက်​စရာရှိတာ ​ဆောင်​ရွက်​ကြမယ်​လို့ သ​ဘောတူထားတယ်​။"

ကျွန်​မ appa ​နောက်​ဆက်​​ပြောမှာကို နည်းနည်း ရိပ်​မိလာတယ်​။

"Nae appa အဲ့တာဆို သမီး သွားလိုက်​ဦးမယ်​။" ကျွန်​မ appa ဆက်​​ပြော​မယ့်​စကားကို အလိုလို သိ​နေတာ​ကြောင့်​ မကြားချင်​လို့ မြန်​မြန်​ စကားစဖြတ်​ပြီး သွား​တော့မယ်​ လုပ်​​ပေမယ့်​ appa က "သမီး​နေဦး။ အခု ​ပြောမှာက ပိုအ​ရေးကြီးတယ်​။"

ကျွန်​မ မထိုင်​ချင်​ထိုင်​ချင်​နဲ့ ပြန်​ထိုင်​ချလိုက်​ရတယ်​။

"Appa သမီးကို uni ပြီးတာနဲ့ အိမ်​​ထောင်​ပြု​စေချင်​တယ်​။" ထင်​ထားတဲ့ အတိုင်းပါပဲ။

"ဟင့်​အင်း appa... သမီး အသက်​ငယ်​​သေးတယ်​။ သမီး အိမ်​​ထောင်​မပြုချင်​​သေးဘူး။"

"​အော်​ သမီးရယ်​... appa သူငယ်​ချင်းမှာ သားတစ်​​ယောက်​ရှိတယ်​။ သူက သမီးနဲ့ ရွယ်​တူပဲတဲ့။ သမီး သူ့ကို ​တွေ့ပြီး သ​ဘောကျသွားမှာပါ။ Appa က ငါ့သမီးကို လူ​ကောင်း​လေးနဲ့ စိတ်​ချလက်​ချ အိမ်​​ထောင်​ချ​ပေးချင်​တယ်​။"

"Appa သမီး သွား​တော့မယ်​။" ဆိုပြီး ကျွန်​မ ဘယ်​လိုမှ ဆက်​နားမ​ထောင်​ချင်​​တော့တာနဲ့ appa လှမ်း​ခေါ်​နေလည်း ဂရုမစိုက်​ဘဲ ထွက်​လာခဲ့လိုက်​တယ်​။

.............................

ပုံမှန်​အတိုင်းပဲ uni ပြီး​တော့ cafe ဆီ ​ရောက်​လာတယ်​။ လူနည်းနည်း ရှင်း​လောက်​တဲ့ အချိန်​​ရောက်​​တော့မှ ကျွန်​မ ထိုင်​ခုံတစ်​​ခုံမှာထိုင်​ပြီး သက်​ပြင်းချမိ​တော့တယ်​​လေ။

If You WishWhere stories live. Discover now