Episode 5

1.2K 107 2
                                    

Hana's pov

မီးဖို​ချောင်​ထဲ ဝင်​ပြီး ဘာများရှိမလဲဆိုပြီး လိုက်​ရှာကြည့်​​သေးပါတယ်​။ စားစရာဆိုလို့ ​ခေါက်​ဆွဲ​ခြောက်​ပဲ ​တွေ့တာနဲ့ ​ခေါက်​ဆွဲပြုတ်​ပဲ ချက်​လိုက်​တယ်​။

ပန်းကန်​ကို စားပွဲ​ပေါ်တင်​ရင်း "Taehyung-ah ပြီးပြီ။ လာစား"

သူ​ရောက်​လာ​တော့ "​ခေါက်​ဆွဲပြုတ်​ကြီးလား? နင်​ကလည်း နည်းနည်းပါးပါး တခြားဟာ လုပ်​​ပေးတာ မဟုတ်​ဘူး။ ​ဟို တစ်​​နေ့ကမှ စားထားတာကို။"

"ဒီမှာ Kim Tae Hyung မစားချင်​လည်း တခြားဟာ မရှိဘူး။ စားမယ်​ဆိုစား မစားရင်​ပြန်​ ဒါပဲ။"

"Yaa နင်​ကလည်း စားမှာ​ပေါ့။" ဆိုပြီး သူ့ရဲ့ ​လေး​ထောင့်​ပုံဆန်​ဆန်​ အပြုံးနဲ့ သွားဖြဲပြပြီး ထိုင်​စားပါ​တော့တယ်​။

ကျွန်​မလည်း သူ့​ရှေ့မှာ ထိုင်​ခုံဆွဲ၊ ဝင်​ထိုင်​လိုက်​ပြီး သူစားတာ ​စောင့်​​နေလိုက်​တယ်​။

"နင်​​ရော မစားဘူးလား?" သူစား​နေရင်းနဲ့ ကျွန်​မကို ​မော့ကြည့်​ပြီး ​မေးတယ်​​လေ။

"ငါ ​ဗိုက်​မဆာဘူး။ ဒါနဲ့ စား​ကောင်းရဲ့လား?"

သူ မျက်​နှာကို တစ်​ချက်​ ရှုံ့ ပြီး "​ပေါ့ရွှတ်​​နေတာပဲ။ ကြက်​ဥကလည်း ​သေး​သေး​လေး။ ​ခေါက်​ဆွဲသားကလည်း မကျက်​တကျက်​နဲ့ မာမာကြီး။ ဘာ အရသာကြီးမှန်းကို မသိဘူး။"

"ဟမ်​? ဟုတ်​လို့လား? ပြန်​ပြင်​​ပေးရမလား?"

"ဟုတ်​ပါတယ်​ဆို ​ရော့ စားကြည့်​" ဆိုပြီး ကျွန်​မကို တူနဲ့ ခွံ့ကျွေး​နေ​တော့ ကျွန်​မလည်း အရသာ ​သေချာသိချင်​တာနဲ့ ​စားပွဲ​ရှေ့နား တိုးပြီး စားလိုက်​တယ်​။ ​သူ​ပြောသလို ​ခေါက်​ဆွဲသားက မာ​နေလားဆိုပြီး ဝါးကြည့်​​တော့ ​ပျော့​နေတာပဲ။ အရသာကလည်း ကျွန်​မအတွက်​​တော့ မ​ပေါ့​ပေါင်​။ ​လေး​တောင်​​လေး​နေ​သေးတယ်​။ စားလို့ အဆင်​​ပြေရဲ့သားနဲ့ကို။

"Ya ​ခေါက်​ဆွဲက ဘယ်​မှာ မာလို့လဲ! ပြီး​တော့ အရည်​ကလည်း ​ကောင်းရဲ့သားနဲ့ကို ဘာလာရစ်​​နေတာလဲ။ မကြိုက်​လည်း မတတ်​နိုင်​ဘူး။"

If You WishWo Geschichten leben. Entdecke jetzt