❤1❤

543 30 2
                                    

သူ့စကားတစ်ခွန်း၊အပြုံးတစ်ခုတည်းက
လည်း လူကိုသေစေနိုင်မှန်း
ကျမ အရင်က မသိခဲ့ရိုးအမှန်ပါ~

             ×××××××××

"Hello Korea!!!! ငါလာဘီကွ"

You are beautiful🎵🎵🎵

"Hello Omma!! သမီးရောက်ဘီ
အင်း....သိပါတယ်...ဟုတ်..ဒါပဲနော်"

လှလိုက်တာ...Korea က!ဒီကိုလာဖို့
ဘယ်လောက်တောင်ကြိုးစားလိုက်ရလဲ!
တန်သွားဘီ😊

နေဦး...အရင်ဆုံးငါ့အသည်းတခုလုံးရှိရာ
ဆီအရင်သွားရမယ်...
ငါ့မှာ သူတို့ကိုတွေ့ဖို့တခုတည်းနဲ့ ဒီရောက်အောင်လာခဲ့ရတာ...ချစ်လွန်းလို့

SM Entertainment

ကြီးမားလှတဲ့အဆောက်အဦးကြီးရှေ့မှာ
မတ်တပ်ရပ်နေရင်း အေးစိမ့်မှုကအရိုးထဲ
ထိဖောက်ထွင်းလာသည်မို့ မာဖလာကို
တင်းတင်းပတ်ရင်း ကော်ဖီပူပူလေး
တစ်ခွက်သောက်ရန် ထွက်လာခဲ့သည်..

"Oppa တို့ကလည်းမလာသေးဘူး..
ဘယ်ချိန်ထိဆက်စောင့်ရမလဲမသိ..."

အေးလေ..ချစ်တော့လည်းသည်းခံရမှာ
ပေါ့...ဒီထိတောင်ရောက်လာပြီးပြီ!😆

ကိုယ့်အတွေးနဲ့ကိုယ်သဘောကျနေတုန်း
တစ်စုံတစ်ယောက်၏ဆွဲယူမှုကိုခံလိုက်ရသည်...လက်ကိုဆောင့်ဆွဲကာပြေးနေ
သည်မို့ လူလည်းအသားကုန်ပြေးလိုက်ရ
တော့သည်..ရုတ်တရက်ဆိုတော့ဘာတွေ
ဘယ်လိုဖြစ်သွားမှန်းမသိလိုက်!

ပြေးနေရင်းနဲ့ ကျမအော်ပြောလိုက်သည်..

"ဒီမှာရှင့်...ကျမလက်ကိုလွှတ်ပါဦး!
အဲ့လိုပြေးနေတော့ဘယ်လိုလုပ်မလဲ?
ကျမရှင့်ကိုမသိဘူး! ရဲစခန်းကိုဖုန်းဆက်
လိုက်မှာနော်!"

စကားပြန်တောင်မရလိုက်...အရှိန်မြှင့်
ကာပြေးနေသည်မို့ အူကြောင်ကြောင်နှင့်
သူ့နောက်ကိုတရစပ်ဆွဲခေါ်သွားခြင်းခံ
ရလေသည်...

အဆောက်အဦးကြား လူပြတ်တော့မှရပ်
ကာ...

"Sry ပဲဗျာ...အရမ်းမောသွားလား?"

"ဒီမှာ ဒီမှာ...ဒါဘာလုပ်တာလဲ?
ကျမကိုဘာလို့ဆွဲခေါ်လာရတာလဲ?
ဒီကိုပထမဆုံးရောက်ဖူးတယ်ဆိုပြီး
အထင်မသေးနဲ့..ရဲစခန်းရောက်သွားမယ်"

⭐️ A star of mine ⭐️ ( Completed )Where stories live. Discover now