❤2❤

308 28 1
                                    

တစုံတယောက်ကပိုအရေးကြီးနေတဲ့အခါ နှစ်ယောက်ကြားကအကွာအဝေးဆိုတာ
ကြီးက အရေးမကြီးတော့ပါဘူးတဲ့~~~

×××××××××××

ထိုနေ့ညက ကျမကိုသူတို့ dorm မှာ
နေခွင့်ပြုလိုက်သည်...
Sehun ကလည်းသူ့ကြောင့်
ထိခိုက်မိတာဆိုတော့ မျက်နှာလွဲခဲပစ်
မလုပ်ချင်ဟုပြောသည်...
တကယ်တော့ ကျမအတွက်လည်းအဆင်
ပြေသည်မဟုတ်လား..အသိဆိုလို့တစ်
ယောက်မှမရှိသည့် နိုင်ငံရပ်ခြားတွင်
အန္တရာယ်ပေါင်းသောင်းခြောက်ထောင်ရှိ
နိုင်မှာမလွဲ။ တစ်ယောက်တည်းယောင်
လည်လည်ဖြစ်နေရမှာထက်စာရင်
ဒီမှာနေရတာအဆင်ပြေမယ်ထင်တာပါပဲ
စိတ်ကူးတောင်မယဉ်ရဲခဲ့တဲ့အခြေအနေတကယ်ဖြစ်လာတာပါလား...
ဒီလိုကျတော့လည်း ကံကောင်းခြင်းနဲ့
ကံဆိုးခြင်းကဒွန်တွဲလာတတ်ပါလားလို့
တောင်တွေးမိသေးသည်...
အိမ်လခလည်းပေးစရာမလိုဘဲ နေခွင့်ရ
တာ...အဲ့ဒါကလည်း ကျမချစ်လှပါသည်ဆိုသော idol တွေနဲ့
ကျမဘဝမှာ ကံအကောင်းဆုံးကိစ္စဟုပင်
ယူဆမိသည်...
သို့သော် သဘောတူညီချက်တခုတော့ရှိ
သည်...သူတို့နှင့်ပတ်သက်သည့် အရာမှန်သမျှကို social media ပေါ်
တွင် တင်ခွင့်မရှိ၊ သူတို့အိမ်မှာရှိနေသည်
ကို ယုတ်စွအဆုံးကျမမိဘများကိုပင်
အသိမပေးလျှင်ကောင်းသည်ဟုပြော
သည်....
ဒါကတော့ ကျမအနေနှင့် မပြောလည်း
စောင့်ထိန်းရမယ့်ကိစ္စဟုထင်သည်..
ကျမဒီလောက်တော့နားလည်ပါသည်..
ကိုယ့်ကြောင့် ကိုယ်ချစ်သောသူများကို
မထိခိုက်စေလိုခြင်းသည် ကျမခံယူချက်
ပင်။
ကျမမိဘများကိုလည်း လောလောဆယ်
အလိမ်ခံရသည့်ကိစ္စမပြောတာပိုကောင်း
မည်...အနည်းဆုံးတော့စိတ်မဆင်းရဲရ
တော့ဘူးပေါ့...
ဆွေမျိုးသားချင်းလည်းမရှိသည့် အဝေး
တနေရာမှာ ကျမဒုက္ခရောက်နေသည်ကို
သိလျှင် ချက်ချင်းပြန်ခေါ်မှာသေချာသည်
ကျမဒီတိုင်းမပြန်ချင်သေးပါ...နဂိုတည်းက ဒီမှာစာသေချာသင်ရင်းကြိုးစားဖို့
လာခဲ့တာမလား...အစစအရာရာထူးချွန်တဲ့လူတစ်ယောက်အဖြစ်နဲ့သာ EXO ရှေ့မှာရပ်ချင်ခဲ့တာမလား...
ကျမ၏အားပျော့နေသောပုံကို ကျမအချစ်
ဆုံးသူများကိုမပြချင်ခဲ့ပါ...
သိတတ်စအရွယ်တည်းကခုချိန်ထိ
မိဘရှေ့မှာ ကျမတခါမှ မငိုခဲ့ဘူးပါ...
အရမ်းဝမ်းနည်းပြီး ငိုချလိုက်မှသက်သာ
မည်ဆိုလျှင် တယောက်တည်းအခန်း
တံခါးပိတ်ပြီးမှ ငိုလေ့ရှိသည်...
ဒီတခေါက်ကိစ္စတွင်လည်း မိဘများကို
စိတ်မပူစေလို၍ ဖုံးကွယ်ထားခြင်းသာ
ကောင်းမည်ဟု ဆုံးဖြတ်ထားသည်...
ခုလည်း အနည်းနဲ့အများတော့ အဆင်ပြေနေတာပဲမဟုတ်လား။

⭐️ A star of mine ⭐️ ( Completed )Where stories live. Discover now