❤5❤

194 19 2
                                    

ကိုယ့်နှလုံးသားဟာ ဒီကမ္ဘာပေါ်မှာ
အလှပဆုံးပါလို့ပြောရင်   သူယုံလေမလား~
အကြောင်းရင်းကိုပြောပါဆိုရင်တော့ ကိုယ့်နှလုံးသားထဲမှာ "သူ" ဆိုတဲ့
နတ်သားလေးတစ်ပါး ရှိနေတာမို့လို့လေ~

××××××××××××

သူ့ကို စာပြန်ပို့ပြီး ကျမလည်းအလျင်အမြန်ပြင်ဆင်ကာ ကားပါကင်သို့ ဆင်းလာခဲ့သည်..
ရောက်တော့ သူလက်လှမ်းပြသည်။
သူ့ကားပေါ်သို့ တက်ရန်ပြောခြင်းပင်။
Sticker အနက်များ ကပ်ထားသောကြောင့် မမြင်နိုင်သော်ငြား
ကျမအမြန်ဆုံးတက်လိုက်သည်။
သူ့ image ကို မထိခိုက်စေဖို့ အတတ်နိုင်ဆုံး ကာကွယ်ရမှာ ကျမတာဝန်မို့လို့...
သူ့ကိုသိပ်ချစ်တဲ့ Aeri တစ်ယောက်ရဲ့
သိတတ်ခြင်းတွေမို့လို့...

" ဟိုလေ... အခုဘယ်သွားမှာလဲဟင်?
ညစာဆိုပေမယ့် ခုက စောနေတုန်းပဲမို့"

" အင်း..တမင်စောထွက်တာ
ခုလျှောက်လည်မို့လေ! "

" ရှင်?? အခုလား? "

" အင်း "

" အယ်~ မဖြစ်ဘူးနော်...
ခုကလင်းနေတော့ fan တွေတွေ့သွား
နိုင်တယ်... မလိုလားအပ်တဲ့ သတင်း
တွေထွက်လာရင် Oppa အတွက်
မကောင်းဘူးလေ "

" ရပါတယ်...mask ပါတယ်လေ "

" ရော်... ခက်တာပဲ ! တခါလာ ဒီ mask ကိုပဲ အားကိုးနေကြတယ် !
Sehun ရောပဲ! သူတို့ L တွေကဖြင့်
ခန္ဓာကိုယ် အစိတ်အပိုင်းလေးတခုမြင်
လိုက်ရရင်ကို ဘယ်သူဆိုတာ အကုန်သိကြတာရယ် ...
ညီမကိုယ်တိုင်လည်း L မို့လို့ သတိပေးတာပေါ့ ~ အကုန် stalk လာခဲ့တဲ့ အချိန်တွေကနည်းတာမှ
မဟုတ်.... " 😨😷

ဟာာ ... သွားပါပြီ  Hyogin ရယ်!
ဘာတွေလျှောက်ပြောလိုက်တာလဲ?!!
ငါတော့ သေချင်တာပဲ...
သူ့ကိုကြည့်တော့ ပြုံးပြီးစိုက်ကြည့်နေတယ်...
Hyogin ရယ်..နင်ဟာလေ
Bias ရှေ့မှာ အရှက်ဖြန်းဖြန်းကွဲတာပဲ!

" ဟုတ်လား...ဆက်ပြောပါဦး ..ဟီး"

ရယ်ချင်ရင်လည်း ရယ်ချလိုက်ပါ
ကိုယ်တော်ရယ် ... ခုလို ပြုံးစိစိဖြစ်
နေတာက ပိုနေရခက်တယ် !

" ဟုတ်...ညီမ ပြောတာက အဲ့ဒါ...
အဲ့လိုဆို... ဟို.....
အာ~ တော်ပါပြီ ! အာ့ဆို ပြန်တော့မယ်ရှင့် "

⭐️ A star of mine ⭐️ ( Completed )Where stories live. Discover now