Pregnant-8

3.5K 184 2
                                    

[A/N တောင်းပန်စရာလေးရှိလို့ပါ
EP7တုန်းက ဘာသာပြန်တာ နည်းနည်းလို
သွားပါတယ် Chanyeolရဲ့ အမေက ဆရာဝန်
ဆိုတဲ့ စာကြောင်းလေးကျန်သွားပါတယ်
ဒီအပိုင်းမှာ နားမလည်မှာစိုးလို့]

Baekhyun ပြောလိုက်တဲ့စကားကို နားလည်ရန် တော်တော်လေးစဉ်းစားလိုက်
ရသည် သူတကယ်ပြောနေတာလား??
အရွယ်တောင်ရောက်မလာသေးတဲ့ သူတို့ရဲ့
ကလေးလေးကို သူတို့ဖျက်စီးရမှာလားး??

"Baek အဲ့လိုလုပ်လို့မရဘူးလေ"
Chanyeol ခေါင်းကိုခါယမ်းနေရင်း မျက်တောင်
တွေကလည်း တဖျတ်ဖျတ်ခတ်လို့

"ငါ ဒီကလေးကို မမွေးနိုင်ဘူး Chanyeol"

"ဘာလို့လဲ wae?"
Chanyeolထိုင်ရာကနေ Baekhyunနဲ့
မျက်နှာချင်းဆိုင်ထရပ်လိုက်သည်
"ဘာလို့ မမွေးချင်ရတာလဲ ? wae?"

"ငါတကယ် အဆင်မပြေဘူး"
Baekhyun ပြောပီးပီးချင်းလှည့်ထွက်လိုက်ပေ
မဲ့ Chanကနောက်ကနေ သူ့လက်ကိုလှမ်းဆွဲ
ထားသည်
"လွှတ်ပေးပါ "

Chanyeol Baekhyunကိုစိုက်ကြည့်လိုက်ပီး
"မင်းမတရားဘူး Baek! ကိုယ့်အတွက်ရော
ဟမ် ကိုယ့်အတွက်ရောမစဉ်းစားတော့ဘူးလား
ကိုယ်ဖန်တီးခဲ့တဲ့ ကိုယ့်ရဲ့သွေးသား
ကိုယ့်ရဲ့ကလေးကိုကိုယ်လိုချင်တယ်ဆိုတာ
မစဉ်းစားတော့ဘူးလား"

Baekက ခပ်လှောင်လှောင်ရယ်ရင်း
"မင်းတစ်ယောက်ထဲ ဒီကလေးကို ထိန်းသိမ်း
နိုင်လို့လား ? အဟင်း မင်းမလုပ်နိုင်ပါဘူး
ငါတော့မထင်ဘူး"

"အဲ့ဒီတော့ "
Chanyeol Baekရဲ့လက်တွေကို ပိုတင်း
အောင်ဆုပ်ကိုင်လိုက်ရင်း
"အဲ့ဒီတော့ ကိုယ်က မင်းလောက်တောင် ဒီကလေးနဲ့ မဆိုင်ဘူးပြောချင်တာလားး
မင်းအရမ်းမိုက်မဲတယ် Baek အခု ကိုယ်မင်းခေါင်းထဲကို အသိစိတ်ဝင်လာအောင် ရိုက်ပစ်ချင်တယ်"

"ရိုက်လေ"
Baekhyun သူ့ရဲ့ဗိုက်ကိုထိုးပြလိုက်ရင်း
"ဒီကိုရိုက်လိုက် အဲ့ဒါမှဒီကလေးသေသွားမှာ"

Chanyeol ဒေါသကို မထိန်းနိုင် Baekhyun
လက်ကို အတင်းဖျစ်ပစ်လိုက်သည်
အတော်လေးနာသွားလောက်သည်
Baekရဲ့အသားအရေနှဲ့ အတွင်းထဲမှာဒဏ်ရာ
တောင်ရသွားနိုင်သည် Baekhyunလက်ကို
ဆွဲထုတ်လိုက်ကာ သူ့လက်ကိုသူ
ပွတ်နေသည် အတော်နာသွားတာကိုး

Pregnant BoyWhere stories live. Discover now