Pregnant-21

2.5K 204 6
                                    


ခပ်ပွပွ အင်္ကျီတွေ ဝတ်ထားတဲ့
Baekhyun နဲ့ Luhan
ကျောင်းထဲကို လမ်းလျှောက်ဝင်လာတာကို
ကြည့်ပြီး လူအချို့ တီးတိုးတီးတိုး
လုပ်နေကြတယ်...
ကျောင်းသားတွေရော ဆရာတွေရော
Baekhyunမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ
သိလိုက်တော့ အကုန်အံ့သြောကုန်တယ်
Baekhyunက 17နှစ်ပဲရှိသေးတာကိုး......
စင်္ကြန်လမ်းအတိုင်း သူတို့Lockerကို
လျှောက်လာရင်း Chanyeolကတော့
Baekရဲ့ လက်ကလေးကို ဖွဖွလေး ဖျစ်ပြီး
အားပေးတယ် ...
Luhanမျက်နှာကတော့ တီးတိုးတီးတိုး
အတင်းစကားတွေကို ဂရုမစိုက်စွာ
သူ့မျက်နှာပေါ်မှ ဘာခံစားချက်မှ
မရှိသလို လျှောက်လာတယ်...

လူတွေ စိုက်ကြည့်နေတဲ့ ကြားမှာ
သူတို့ Lockerရှေ့ရောက်တော့ ရပ်လိုက်တယ်
သူတို့က Chanyeol Baekhyunရဲ့Locker
ကိုဖွင့်ပြီး စာအုပ်တွေထုပ်ပေးနေတာကိုလည်း
ကြည့်နေကြတယ် ......
နောက်တော့ Luhanအတွက်ပါထုပ်ပေးတယ်
သူ သူ့ရဲ့ညီကို Baekကို ဂရုစိုက်သလိုမျိုး
အတတ်နိုင်ဆုံးဂရုစိုက်ဖြစ်အောင်
ကြိုးစားနေတယ်...

"Baek သိပ္ပံချိန်ရှိတယ်..."

Chanyeol က Lockerတံခါးကို
ပြန်ပိတ်လိုက်ရင်း Baekဆီက စာအုပ်တွေကို
ပြန်ပြောင်းယူကာ ပြောတယ်...

Baekhyun နှုတ်ခမ်းဆူကာ

"ဆိုတော့ မင်းနဲ့ တတိယအချိန်ထိ မတွေ့ရ
တော့ဘူးပေါ့"

"ဟဟ ကိုယ်သိပါတယ် ဒါပေမယ့်
Baekတစ်ယောက်ထဲမဟုတ်ပါဘူး Baekရဲ့
Luhanလည်းအတူတူပဲ"

"ဟင့် ပီးရော နောက်ကျနေလိမ့်မယ်
မြန်မြန်သွားရအောင်"

"ကိုယ် လိုက်ပို့မယ်"

Chanyeol က Luhanလက်ထဲက
စာအုပ်တွေကိုပါ လှမ်းယူလိုက်ပြီး
ပြောတယ်...

Baekhyunနဲ့ Luhanရဲ့ အတန်းကို
ဖြေးဖြေးချင်း လျှေက်ခဲ့ကြတယ်
လူတွေက သူတို့ကိုကြည့်ပြီး
တိုးတိုးတိုးတိုးနဲ့ အတင်းပြောနေကြတုန်းပဲ
Baekhyunနဲ့ Luhan ဘယ်လောက်တောင်
အပေါစားဆန်ကြောင်း ......
Baekhyun အကုန်လုံးကို
ဒေါသတကြီးနဲ့ ပြန်အော်ပြစ်ချင်တယ်
ဒါပေမယ့် သူသိတယ် အဲ့လိုလုပ်တာ
မကောင်းဘူးဆိုတာ
အာ့ကြောင့်မို့ ငြိမ်ငြိမ်လေးနေကာ
ဘာမှပြန်မပြောဘဲနေလိုက်တယ်......

Pregnant BoyDove le storie prendono vita. Scoprilo ora