Part-2

18.6K 1.4K 101
                                    

👬Tom & Jerry's Marriage👬

နာမည်​က....... Byun...Baek....Hyun~~
Seoul Uni second year​ကျောင်းသားအသစ်​စက်​စက်​....
Seoul Uniကို တက်​ခွင့်​ရခဲ့သူမို့ စာကြမ်းပိုးဟု မထင်​လိုက်​ပါ​လေနဲ့.....

စာဟု အသံကြားလျှင်​ စာက​လေး​တောင်​မချန်​ ​လေးခွနှင့်​လိုက်​ပစ်​တတ်​သူ....
အသက်​က နှစ်​ဆယ်​သာစွန်း​နေတာ ရုပ်​ရည်​နှင့်​အရပ်​အ​မောင်းက အလယ်​တန်းခ​လေးသာသာ.....

အပျင်းကြီးသ​လောက်​ အ​ဆော့လည်းအ​သေမက်​သည်​....
သူ့မှာအားလပ်​ချိန်​ဆိုတာ လုံးဝမရှိ....

ကျောင်းပိတ်​ရက်​ဆို လမ်းထဲရှိခ​လေး​တကာနှင့်​ ​လျှောက်​​ဆော့သည်​....

က​လေးဗိုလ်​ကြီး<<<

ဆော့ပီးပြန်​လာလျှင်​...သူအရမ်း​ကြိုက်​​သော Cartoon Series​တေကိုထိုင်​ကြည့်​သည်​...
သူ့အသဲစွဲက​တော့ Tom & Jerryပင်​....

Baekတစ်​​ယောက်​​နေရာတကာ စပ်​စပ်​ စုစုနှင့်​ပါတတ်​​သော်​လည်း ...သူအဖက်​လုပ်ခြင်းလုံးဝမရှိ​သော အရာတစ်​ခု​တော့ရှိသည်​...

နှစ်​တနှစ်​သာကုန်​ဆုံးသွားရမည်​ ​ခြေရာလက်​ရာမပျက်​....

ဘာ​တေလဲဆို​တော့ကား....

>>>>သူ့​ရဲ့​ကျောင်းစာအုပ်​​တေပါ...

သူ့ကို စာလုပ်​ရန်​လည်း အ​မေဖြစ်​သူXiuminကိုယ်​တိုင်​​တောင်​မတိုက်​တွန်းရဲ...

သူ့ကို နားကြပ်​ကြပ်​ပူ​အောင်​ဆူလျှင်​ စာမွဲကို ကျ​အောင်​​ဖြေပြမည်ဆိုပီးကို ကြုံးဝါးထားတာ

'Ommaတို့သားကို​ ​ရောက်​​စေချင်​တဲ့ Uniသာ​ပြော သား​ရောက်​​အောင်​လုပ်​​ပေးမယ်​...သားကို နားပူ​အောင်​​တော့မလုပ်​ကြပါနဲ့....သားစာမွဲကျ​အောင်​လုပ်​ပီး အ​မေတို့ကိုအရှက်​ခွဲပစ်​မှာ..'

မိဘ​တေကို ဒင်းကပြန်​ခြိမ်း​ခြောက်​ထားတာ....

ဉာဏ်​အရမ်း​ကောင်းလွန်းသူမို့ စာကို ဘာသာရပ်​အလိုက်​ ​ဖြေမည့်​ညမှသာကြည့်​တတ်​သည်​....

သူဒီ​နေ့ဒီအချိန်​​ရောက်​သည်​အထိ ​အောင်​စာရင်းတခါမှ သွားမကြည့်​ခဲ့ဖူးပါ....

Tom & Jerry's Marriage Where stories live. Discover now